လူတိုင်းကို မိတ်ဆွေဖွဲ့ပါ
myanmar·@tunnaingwin·
0.000 HBDလူတိုင်းကို မိတ်ဆွေဖွဲ့ပါ
#လူတိုင်းကို မိတ်ဆွေဖွဲ့ပါ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။  ဒီတစ်ခါ ဆောင်းပါးလေးအမည်ကို "လူတိုင်းကိုမိတ်ဆွေဖွဲ့ပါ"လို့ ကျွန်တော် ခေါင်းစဉ်ပေးထားပါသည်။ဒီအမည်လေးက လူလောကမှာရှိသော သက်ရှိများကို မိတ်ဆွေဖွဲ့စေချင်သော ရည်ရွယ်ချက်လေးနဲ့ ရေးသားလိုက်ပါသည်။ထိုဆောင်းပါးလေးကို ဖတ်ရှုပြီး အသိပညာ တိုးအောင်ယူသွားစေချင်သည်။ဒါကြောင့် စာဖတ်တဲ့နေရာမှာရော စာရေးတဲ့အခါမှာ ဖြစ်သလိုမရေး မဖတ်ပါနဲ့။မိမိအတွက် အကျိုး အသိတွေရအောင် ယူပါ။သူတစ်ပါးဆောင်းပါးတွေကိုလည်း အားသာချက်ကိုအတုယူ အားနည်းချက်ကို ပြုပြင်ပေးကြပါ။သူတစ်ပါး ရေးတဲ့စာတွေအရမ်းကောင်းလျင် ချီးမွမ်းပေးပါ။ဝန်မတိုပါနဲ့။ကိုယ်လည်း သူလိုဖြစ်အောင်ကြိုးစားပါ။  မိတ်ဆွေဖွဲ့နည်း အမျိုးမျိုးရှိကြပါသည်။သို့သော် လူတိုင်းက အမှုမဲ့ အမှတ်တမဲ့နေသောကြောင့် မသိရှိခြင်း ဖြစ်ကောင်းဖြစ်နိင်ပါလိမ့်မည်။သိရှိပြီး မလုပ်တဲ့ သူတွေလည်းရှိသလို သိပြီး လုပ်သောသူတွေလည်း ရှိကြပါသည်။သို့သော် သိပြီး လုပ်သောသူက အလွန်နည်းပါးပြီး လက်ချိုးရေလို့ရပါ၏။မိတ်ဆွေဆိုတာ လူတိုင်းမရှိမဖြစ်လိုအပ်သော အရာပါ။ထိုမိတ်ဆွေဖွဲ့နည်းစကားက အရမ်းလွယ်သလောက် လုပ်တဲ့သူလည်း နည်းသည်။  ပထမဆုံး မိမိတို့အနေနဲ့လူတစ်ယောက်ကို မိတ်ဆွေဖွဲ့ရာတွေ ထိုသူရဲ့အမည်ကို ပထမဆုံး စာအုပ် (သို့မဟုတ်)စိတ်ထဲတွင် မှတ်ထားရမည်။စိတ်ထဲတွင် မှတ်လျင် စွဲနေအောင်မှတ်ပါ။သူကို ဘယ်နေရာမှာ မြင်မြင် မှတ်မိအောင် အမည်မှတ်ခြင်းကို လေ့ကျင့်ရပါမည်။ထိုသူတွေရဲ့အမည်တွေကို မှတ်မိရင်တော့ နောက်တစ်ဆင့်အနေနဲ့ ပြုံးတတ်အောင်လေ့ကျင့်ရမည်။လေ့ကျင့်တဲ့နေရာတွင် မှန်ရှေ့မှာ လေ့ကျင့်ခြင်းသည် ပိုပြီးတတ်လွယ်ပါသည်။အမည်မှတ်ခြင်းနဲ့ပြုံးခြင်းနှစ်ခုကိုလေ့ကျင့်ခြင်းသည် မိတ်ဆွေဖွဲ့ရာတွင် ပိုပြီး ထိရောက်ကာ အထောက်အကူပြုစေပါသည်။အမည်မှတ်ခြင်းသည် မိတ်ဆွေတစ်ယောက်ကို လမ်းတစ်နေရာသော်လည်းကောင်း တွေ့သည်ရှိသော် အမည်ခေါ်၍ နူတ်ခွန်းဆက်ပါ။အမည်ခေါ်၍ နူတ်ဆက်ခြင်းသည် မိမိမိတ်ဆွေကို လေးစားရာ ရောက်သလို့ မိမိမိတ်ဆွေရဲ့စိတ်ထဲမှာလည်း ပီတိဖြစ်ကာ ကျေနပ်စေပါသည်။  နောက်တစ်ခုက မိတ်ဆွေတွေ့တိုင်း အမည်ခေါ်ပြီး မိတ်ဆက်ပေးပါ။ပြုံးရွှင်သောမျက်နှာနဲ့နှုတ်ဆက်ရင်တော့ ပိုပြီးပြည့်စုံပါ၏။မိမိမျက်နှာကိုမြင်ပြီး မိတ်ဆွေဖြစ်သူက အေးချမ်းမှုရသလို ချစ်ခင်မှုလည်း ရရှိစေပါသည်။အမည်ခေါ်မိတ်ဆက်ပြီးနောက် "မင်္ဂလာ" ဆိုတဲ့စကားလေးကို ထည့်သွင်းပြီး တန်ဆာဆင်ပေးကြပါ။ထိုသို နှုတ်ခွန်းဆက်သခြင်းကို အမြဲတမ်းလေ့ကျင့်ပါ။နှုတ်ခွန်းဆက်သခြင်းကို မကြောက်ကြပါနဲ့။အမြဲတမ်းပြောနေကြဆို တစ်ဖြည်းဖြည်း အဆင်ပြေပြီး အသားကျလာပါလိမ့်မည်။ထို မင်္ဂလာ ဆိုတော့ စကားလေးကို အမြဲတမ်းပြောဆိုလျင် မင်္ဂလာရှိသော သူဖြစ်လာပါလိမ့်မည်။  မင်္ဂလာဟုပြောဆိုခြင်းသည် နှုတ်ဆက်ခြင်းတစ်မျိုးဖြစ်ပါသည်။နောက်ဆုံးတစ်ခုက လက်ဆွဲနှုတ်ဆက်ခြင်းဖြစ်ပါသည်။ထိုလက်ဆွဲနှုတ်ဆက်ရာတွင် ယောကျာ်းအချင်းချင်းလက်ဆွဲနှုတ်ဆက်ခြင်းက ပြဿနာမရှိသော်လည်း မိန်းကလေးတွေကိုတော့ လက်ဆွဲနှုတ်ဆက်ရာတွင် မြန်မာယဉ်းကျေးမှုအမြင်နဲ့ဆိုရင် ပြဿနာရှိသည်။ဒါကြောင့် လက်ဆွဲနှုတ်ဆက်ခြင်းကို အခြေအနေကြည့်ပြီး နှုတ်ဆက်ပါ။မိန်းကလေးတွေနဲ့လက်ဆွဲနှုတ်ဆက်ရာတွင် လက်ဖဝါးရဲ့ သုံးပုံတစ်ပုံကိုထိပြီး လက်ဆွဲနှုတ်ဆက်ပါ။နှုတ်ဆက်ရာတွင် လက်ကိုတင်းတင်းဆုပ်ကိုင်ပြီး မလုပ်ပါနဲ့။ဒါတွေကို အထူးရှောင်ရှားသင့်ပါသည်။ စာဖတ်သူများလည်း ဒီဆောင်းပါးလေးကိုဖတ်ရှုပြီး အသိပညာတိုးပါစေ။ဝေဖန်အကြမ်းပေးကြပါ။ (စကားလက်ဆောင်) *လူတိုင်းကို မိတ်ဆွေဖွဲ့ပါ။ *မိတ်ဆွေတွေရဲ့ အမည်များကို အလွတ်ကျက်ပါ။ *မိတ်ဆွေတွေကို အပြုံးမျက်နှာနဲ့ မိတ်ဆက်ပါ။ *မိမိမိတ်ဆွေမြင်တိုင်း မင်္ဂလာ ပါလို့နှုတ်ခွန်းဆက်သပေးပါ။ *မိတ်ဆွေများ၏အရေးကိစ္စကို မိမိတတ်နိင်သလောက်ကူညီပေးပါ။ အစဉ်ကြိုးစားလျက် Author tunnaingwin Msc.100 23.4.2018 14:30PM
👍 khaylay, htinlinaung, htwegyi, sbi2, nannhtike, yiyiswe, myanmarbooster, mgmglattt, asterkame, uthantzin, kyi, theinzawlin, phyozawooburmes, nwenwe, lwanwai, gelatofresco, winko, mahaw, yuzana, gunapeya, tunnaingwin, thetlyar, thihakoko, sandipoe, exchange.msc, steem-myanmar, camelot, curie, liberosist, meerkat, tantawi, aboutyourbiz, howtostartablog, xanderslee, slickhustler007, gabox, skycae, esaia.mystic, chimtivers96, pacokam8, wanderingdanish, kevinwong, anwenbaumeister, hendrikdegrote, sethroot, locikll, chillingotter, niouton, boynashruddin, misterakpan, clweeks, gotgame, mayowadavid, mountainjewel, ewuoso, nalabra, ancapbarbie, steem.curator, vannour, anikekirsten, folken, arconite, steemworld, pharesim, peppermint24, positiveninja, wdoutjah, thinknzombie, massivevibration, onartbali, ntowl, eric-boucher, steemulator, torico, coloringiship, vigna, thatterrioguy, peaceandwar, alinabarbu,