သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၂)
myanmar·@tunnaingwin·
0.000 HBDသိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၂)
သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၂) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။  ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။ ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ #အပုပ်များ ရွေးစရာရှား။  ခုခေတ်မှာဆို လူအများစုအား ရိုးသားမှုနည်းပြီး လိမ်လည်မှုတွေများလာကာ လောကမှာ အပုပ်တွေပေါလာတယ်။ထိုသို့ လူတွေများလာတော့ အပေါင်းအသင်းပေါင်းရာတွင် မိတ်ဆွေကောင်းတွေရှားလာသည်။မိတ်ဆွေကောင်းဆွေ ရှားပါလာသောခေတ်ပေါ့ဗျာ။မိမိတို့ပတ်ဝန်းကျင်မှာဆို မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းတွေ နည်းလာပြီးဆိုတာ သိမြင်ရပါမည်။အရင်ခေတ်နဲ့ ခုခေတ် နှိုင်းယှဉ်ကြည့်လျင် သိနိင်ပါမည်။ဘာကြောင့်ဆို လိမ်လည်မှုတွေ ရိုးသားမှု ကတိတည်မှု သစ္စာရှိမှု စသောအရာတွေ တဖြည်းဖြည်း ပျောက်ကွယ်လာသောကြောင့်ဖြစ်ပါသည်။ဒါကြောင့် စာဖတ်သူများကို လူလောကကြီးဟာ အပုပ်ဆိုတဲ့လူတွေများလို့ မိတ်ဆွေကောင်းတွေရှားလာကြောင်းပြောပါရစေ။ #သား ၃ သားနဲ့ရန်မဖြစ်ပါနဲ့။  ထိုသား၃သားကို သတိထားပြီးဆက်ဆံသင့်သည်။သား ၃ သားဆိုတာဘာလဲ။သိကြသူများရှိကြမည်ထင်တယ်။ဒါတွေက ဘာတွေလည်းဆို ကျောင်းသား၊စစ်သား၊ဘုရားသားစသော သား ၃သားဖြစ်ပါတယ်။ကျောင်းသားနဲ့ရန်ဖြစ်ရင် သူအဖွဲ့အစည်းနဲ့ ပါလာတတ်သလို စစ်သားနဲ့ရန်ဖြစ်ရင်လည်း ဥပဒေအများကြီးနဲ့ကြုံရတတ်ပါတယ်။ဘုရားသားဆို ပိုပြီးဆိုးပါတယ်။ဒါကြောင့် သား၃သားနဲ့ဆိုင်တဲ့ သာဓကတွေအများကြီးရှိပါတယ်။သို့ဖြစ်ပါသောကြောင့် သား ၃ သားနဲ့ရန်ဖြစ်ခြင်းကို ရှောင်ရှားပါ။ #ကလေးနဲ့အရူးဖြစ်ရတာ ပျော်စရာ။  ကျွန်တော်ငယ်ငယ်တုန်းက ကလေးဘဝမှာဆို အရမ်းပျော်စရာကောင်းကြတယ်။ထိုအတူ စာဖတ်သူအများလည်း ငယ်ဘဝရဲ့ပျော်ရွှင်မှုတွေ အမှတ်ရကာ ပျော်ရွှင်မှုတွေနဲ့ပျော်ခဲ့ဖူးကြပါလိမ့်မည်။ဘယ်သူဖြစ်ဖြစ် ကလေးဘဝကို အမှတ်ရကြမှာပါ။ကလေးဘဝက အပြစ်ကင်းစင်ပြီး ပျော်စရာကောင်းသောအချိန်ဖြစ်သောကြောင့်ဖြစ်သည်။အရူးတွေကို ကြည့်လျင်လည်း ထိုအတိုင်းပါဘဲ။သူတို့လုပ်ချင်ရာလုပ် သွားချင်ရာသွားပြီး ပျော်နေတတ်သူတွေပါ။ဒါတွေကို မိမိတို့ပတ်ဝန်းကျင်မှာ တွေ့ရပါလိမ့်မည်။အရူးဘဝဟာ ပျော်ရွှင်စရာကောင်းလှပါသည်။သို့ဖြစ်ပါသောကြောင့် ကလေးဘဝကိုအမှတ်ရပြီးအရူးဘဝကို မရောက်ပါစေနဲ့နော်။ (စကားလက်ဆောင်) အပုပ်များ ရွေးစရာရှား။ သား ၃ သားနဲ့ရန်မဖြစ်ပါနဲ့။ ကလေးနဲ့အရူးဖြစ်ရတာ ပျော်စရာ။ အစဉ်ကြိုးစားလျက် Author tunnaingwin Msc.100
👍 truetinker, khinzarwin, kokonaing, naingwintun, nyinyizin, khinzawlatt, sbi2, bdvoter, nannhtike, myanmarbooster, voteu, steemngazun, steemngazun1, steemngazun3, d0n3b07, object-a, mahaw, steemitboard, gunapeya, nweoomon, warofcraft, maunghtwe, htwegyi, kyi, tunnaingwin, steempowerg3, shwethamee, yuzana, tinhlaingoo, asterkame, minsoenaing, caesarsupaimin, jamunawng, smiing11, glorialion, golden-myanmar, thinzarnyinyi, liongyi, sasansam, plo, desg, nrlio, pcwor, soulkeeper, joot, monst, snowred, phantomassassine, jacklin19, hoverbooker, naruhokage, hanobooy, camelot, curie, aboutyourbiz, liberosist, kevinwong, dashfit, tombstone, meerkat, peaceandwar, raymondspeaks, anikekirsten, hansmast, steemitbuzz, moksamol, stahlberg, neumannsalva, didic, kind-sir, call-me-howie, gatis-photo, charlie777pt, jefpatat, janine-ariane, drmake, catalincernat, synthtology, giddyupngo, javier.dejuan, tuck-fheman, lola-carola, gmedley, misslasvegas, locikll, cryptocurator, vact, anwenbaumeister, hendrikdegrote, positiveninja, rival, wackou, massivevibration, benleemusic, eric-boucher, captainquenta, kafupraise, lk666, theunlimited, ektorcaba, oghie, daydreaming, adahmiracle,