သူကောင်းမှ သူတော်သို့
myanmar·@tunnaingwin·
0.000 HBDသူကောင်းမှ သူတော်သို့
# သူကောင်းမှ သူတော်သို့ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။ အထက်ပါခေါင်းစဉ်လေးကတော့ Myanmar Steemit Service Academy(MSSA) သင်တန်းတစ်ခုရဲ့ ဆောင်ပုဒ်ကလေးဖြစ်ပါတယ်။ထိုဆောင်ပုဒ်လေးဟာ အရမ်းကိုအဓိပ္ပာယ်ရှိပြီး အနက်အမျိုးမျိုးလည်း ပြန်ဆိုလို့ရပါတယ်။ဒီဆောင်ပုဒ်လေးကို ကြားလိုက်တော့ စာတစ်ပုဒ်ချဲ့ကာရေးလိုက်ခြင်းဖြစ်တယ်။ သူကောင်းဆိုတာ ဘယ်လိုလူမျိုးလဲ? သူကောင်းကို ဘယ်လိုလူကိုခေါ်သလဲ? သူကောင်းဖြစ်ဖို့ ဘာတွေလိုအပ်သလဲ? သူကောင်းနဲ့ သူတော် အတူတူလား? အမေး အဖြေတွေအများကြီးထုတ်လို့ရပါတယ်။ ကျွန်တော်ကတော့ သူကောင်းကို ခုလိုဘဲသတ်မှတ်တယ်။သူကောင်းဆိုသည်မှာ စိတ်ကောင်း နှလုံးကောင်းရှိပြီး အကျင့်သိက္ခာပြည့်စုံသောသူကို သူကောင်းလို့သတ်မှတ်ပါတယ်။ဒါက ကျွန်တော်အမြင်နဲ့ပြောခြင်းဖြစ်ပါတယ်။လိုအပ်ချက်တွေရှိရင် ဖြည့်စွက်ပေးပါ။သူကောင်းတစ်ယောက်ဖြစ်ဖို့ မလွယ်သလို လေ့ကျင့်တဲ့နေရာမှာလည်း အရမ်းကိုခက်ခဲလွန်းပါတယ်။သူကောင်းတစ်ယောက်ဟာ စိတ်ကောင်းရှိဖို့လိုပါတယ်။စိတ်ဆိုတဲ့အရာကိုလေ့ကျင့်ရတာ ဖြစ်သောကြောင့် အရမ်းခက်ခဲသလို စိတ်ကိုလည်း စေခိုင်းပြီးထိန်းကျောင်းနိင်ရမယ်။လူစိတ်ဆိုတာ မျောက်စိတ်နဲ့တူတူဘဲ။စိတ်တစ်ခုက စက္ကန့်အတွင်း အပြောင်းအလဲမြန်တယ်။ ထိုစိတ်ကို တည်ငြိမ်အောင်ပြုလုပ်ရာတွင် သမာဓိအားကောင်းဖို့လိုပါတယ်။သမာဓိအားကောင်းဖို့ ဘုရား တရားကိုနှလုံးသွင်းတတ်ရပါမယ်။စိတ်ကောင်းကိုလေ့ကျင့်ရာတွင် အရာရာကို သူဘက် ကိုယ်ဘက် မျှဝေခံစားပေးတတ်ရမယ်။ထိုသို့ မျှဝေခံစားပေးတတ်မှ မိမိကိုယ်တိုင် သိရှိမည်။ဒါကြောင့် မျှဝေခံစားပေးပါ။နောက်မိမိဘက်က အနစ်နာခံပေးပါ။ဘယ်အရာဖြစ်စေ မိမိက ပေးသောသူဖြစ်ပါစေ။မိမိက စွန့်သောသူဖြစ်ပါစေ။စွန့်စားဆိုတာ မိမိက စွန့်မှ စားရမယ်။မစွန့်လျင် မစားရပါ။ ဒါကြောင့်စွန့်စားဆိုတဲ့စကားလေးကို အမြဲမှတ်သားပေးပါ။တန်းဖိုးရှိတဲ့စကားကို မိမိရဲ့ရင်ထဲအမြဲတမ်းသံမှိုရိုက်ထားသလို စွဲမြဲပါစေ။သူကောင်းဆိုတာ စိတ်ထားကောင်းတာတစ်ခုတင်မဟုတ်ပါ။အကျင့်သီလပါပြည့်စုံပါသေးတယ်။ဒါကြောင့် မိမိဘက်ကအပေးရှိပြီး အယူကို လက်မခံပါနဲ့။စိတ်ထားကောင်းပြီး အကျင့်သီလပြည့်စုံသောသူဟာ သူကောင်းဖြစ်တယ်။အကျင့်သီလကောင်းဖို့က ကံငါးပါးကို လုံခြုံမှ အကျင့်သီလကောင်းပါမယ်။ကံငါးပါးကိုအမြဲလုံခြုံရင် သူကောင်းပါ။ သူတော်ဆိုတာ ပညာရပ်တစ်ခုခုမှာ တစ်မူထူးခြားတတ်မြောက်သူ ကျွမ်းကျင့်သူကို ခေါ်ဆိုခြင်းဖြစ်သည်။သူတော်တစ်ယောက်ဟာ အကျင့်သီလရှိချင်မှရှိလိမ့်မယ်။စိတ်ကောင်းရှိချင်မှရှိလိမ့်မယ်။သို့သော် ပညာရပ်တစ်ခုတွင် တော်သောကြောင့်သူတော်မည်၏။သူတော်ဖြစ်ဖို့ လူတိုင်းလုပ်နိင်ပြီး သူကောင်းဖြစ်ဖို့က လူတိုင်းမလုပ်နိင်ပါ။သူကောင်းတစ်ယောက်ဟာ ပညာရပ်တစ်ခုခုကိုသင်ပေးရင် သူတော်ဖြစ်လာနိင်တယ်။သူတော်ကိုတော့ စိတ်နှလုံးကျင့်စဉ်ပေးသောလည်း ကျင့်နိင်လိမ့်မည်မဟုတ်ပါ။ ဘာကြောင့်ဆိုရင် လူတော်တွေအများစုက ခုလိုသူကောင်းကျင့်စဉ်ပေးကျင့်စေလျင် ဒါများငါ့လိုတော်တဲ့သူတစ်ယောက်အနေနဲ့ တစ်ပတ်လောက်ကျင့်လိုက်ရင် အောင်မြင်မှာပါလို့ ငါဆိုတဲ့မာန အတ္တထားတတ်တယ်။ဒါကြောင့် လူတော်ဆိုတဲ့လူမျိုးကို သင်ပေးရတာ အရမ်းခက်ခဲပါတယ်။အထက်ပါပြောခဲ့တဲ့ စိတ်ဓာတ်မရှိရင်တော့ စိတ်ကောင်းကျင့်နည်းပေးသော်လည်း အကျင့်သီလပြည့်စုံလာနိင်မည်မဟုတ်ပါ။ သို့သော် သူတော်လည်းဖြစ်စေ သူကောင်းဘဲဖြစ်စေ နှစ်ခုလုံး လုပ်နိင်ရင်တော့ သူတော်ကောင်းဆိုတဲ့ လူဖြစ်လာနိင်ပါတယ်။အများအားဖြင့် သူကောင်းတစ်ယောက်ဘဲ သူတော်ကောင်းဖြစ်နိင်ပါတယ်။သူကောင်းက လူတော်တစ်ယောက်ဖြစ်ဖို့ မခက်ခဲလို့ပါ။စိတ်ကောင်းနှလုံးကောင်းရှိပြီး ပညာရပ်မှာလည်း ထူးချွန်ထက်မြတ်တဲ့ သူတော်သူကောင်းဖြစ်ကြပါစေ။ (စကားလက်ဆောင်) *သူတော်ကောင်းဆိုတာ စိတ်ထားကောင်းပြီး အကျင့်သီလပြည့်စုံသူကို ခေါ်ဆိုပါတယ်။ *သူတော်တော် မတော်တော် ကိုယ်တော်ဖို့ဘဲလိုတယ်။ *သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့အရေးကြီးတယ်။ *သူတော်ကောင်းဖြစ်ဖို့စိတ်ထားကောင်းရမယ်။အကျင့်သီလပြည့်စုံရမယ်။အနစ်နာခံတတ်ရမယ်။ *စွန့်စားချင်ရင် များများစွန့်ပါ။များများစွန့်မှ များများစားရမယ်။မိမိတို့မှာလက်နှစ်ဖက်ရှိသောကြောင့် တစ်ဖက်က များများပေးပါ။ဒါဆို တစ်ခြားတစ်ဖက်က များများရလိမ့်မယ်။  အစဉ်ကြိုးစားလျက် Author tunnaingwin Msc.100 14/3/2018 21:05pm
👍 davidding, tunnaingwin, myothuzar, anderson36, sbi2, aungthurain, theinzawlin, kokyawzinphyo, mahaw, mgmglattt, kyi, waihlyan123, lwanwai, sandipoe, uthantzin, nwenwe, winko, nang.myint.thwel, yekungsatthone, thetnaingmin, camelot, curie, liberosist, meerkat, locikll, hendrikdegrote, oscarcc89, markangeltrueman, mahdiyari, aboutyourbiz, cryptokrieg, justdentist, joe.public, bobdos, chimtivers96, anwenbaumeister, howtostartablog, gabox, spectrums, wanderingdanish, morbyjohn, zipporah, sissyjill, pacokam8, kushed, sethroot, musicayfarandula, chillingotter, echavez82, pharesim, skycae, lenin-mccarthy, benleemusic, eric-boucher, steemulator, coloringiship, coquiunlimited, cizzo, good-karma, demo, feruz, esteemapp, whalebuilder, megabot, brupvoter, slimwhale, dolphinbot, bearwards, authors.league, dimarss, authors.leage, vp-freelance, dreamon, oceanwhale, noicebot, thetlyar, drnyinyiswe, khinzawlatt, christinedavis,