ကျွန်တော်သာ အနာဂတ်ကို တစ်မိနစ် ကြိုသိခွင့်ရလျှင်
esteem·@uoomyothant·
0.000 HBDကျွန်တော်သာ အနာဂတ်ကို တစ်မိနစ် ကြိုသိခွင့်ရလျှင်
***ကျွန်တော်သာ အနာဂတ်ကို တစ်မိနစ် ကြိုသိခွင့်ရလျှင်***  *အချစ်ဆုံးသူရဲ့ ရက်စက်တဲ့စကားလုံးတွေဆီက သီသီလေး ကျော်လွှားနိုင်ပါလိမ့်မယ်* *အမုန်းဆုံးသူရဲ့ မုသားချိုချိုအပြောအဆိုတွေဆီမှ ပွတ်ကာသီကာ ရှောင်လွဲနိုင်ပါလိမ့်မယ်* *ကိုယ်တန်ဖိုးထားချစ်မြတ်နိုးတဲ့သူတွေရဲ့ နောက်ဆုံးဘ၀ခရီးကို* *အေးချမ်းစွာပို့ဆောင်ပေးနိုင်ပါလိမ့်မယ်* *ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့သူရဲ့လိုအပ်ချက်တွေကို သူမပြောရပဲ ကိုယ်တတ်စွမ်းသလောက် ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်* *ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ပြဿနာတွေကို အရင်ထက်ပိုဖြေရှင်းပေးနိုင်ပါလိမ့်မယ်* *ကိုယ်ကိုယ်တိုင် အသက်ဘေးမှလည်း သီသီလေး လွတ်ကင်းနိုင်လိမ့်မယ်* *သေမယ်ဆိုရင်တောင် ကိုယ်ဘယ်လိုဘယ်ပုံသေမယ်ဆိုတာ တစ်မိနစ်ကြိုသိခွင့်ရမယ်* *ယုတ်စွအဆုံး ကိုယ့်ဘ၀ရဲ့နောက်ဆုံးအချိန်မှာ* *ဘယ်သူတွေ ဘယ်မိတ်ဆွေတွေ ဘယ်သားသမီးတွေက* *ဟန်ဆောင်ဝမ်းနည်းငိုကြွေးနေမလဲဆိုတာ* *ပြုံးပြုံးကြီးနားလည်သဘောပေါက်သွားနိုင်ပါတယ်* # Present By # @uoomyothant *I am Waiting Upvote From* # @good-karma # @fruz # @hr1 # @esteemapp 
👍 uoomyothant,