Trader Vs Profit

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@utoo·
0.000 HBD
Trader Vs Profit
![image](https://img.esteem.ws/qypmezrea8.jpg)

လူတွေဟာ Profit မြင်ရင် စိတ်ဝင်စားကြတယ်

Hi , Hi Bro , အစ်ကို , ဘရို     . . . . .

၁ : Forex ကိုစိတ်ဝင်စားလို့ပါ .
၂ : သင်တန်းပေးလား ? 
၃ : ဘယ်လိုလေ့လာရမလဲ ?
၎ : ဘယ်လို Signal ယူလဲ , ဘယ်ကSignal ယူလဲ ?

များသောအားဖြင့် လာမေးကြတဲ့ မေးခွန်းပါ

၁ Forex ကိုစိတ်ဝင်စားလို့ပါ

ဟုတ်ကဲ့ စိတ်ဝင်စားတာကောင်းပါတယ်
အခုနိုင်ငံတကာက လူငယ်တွေ မြန်မာလူငယ်တွေကြားမှာ ပေါ်ပင်တစ်ခုလိုဖြစ်နေတယ်ဆိုပြီးဝင်မလာပါနဲ့  အဲ့လိုဝင်လာမိရင်တောင်မှလဲ သေချာလေ့လာပြီးမှ လုပ်ကိုင်ကြပါ
Forex Trading ဆိုတာ စီးပွားရေးတစ်ခုပါပဲ အဆင့်မြင့်စီးပွားရေးလုပ်ငန်းတစ်ခုလို့လဲပြောလို့ရပါတယ်
Foreign Exchange ဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအား သွင်းကုန်/ထုတ်ကုန် စီးပွားရေးအဆက်အသွယ် အစရှိသောအရာများဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းထဲမှ ငွေကြေးရောင်းဝယ်တဲ့လုပ်ငန်းတစ်ခုလို့လဲပြောလို့ရပါတယ်

ငွေရေးကြေးရေးလုပ်ငန်းဖြစ်တဲ့အတွက် သာမှန်စီးပွားရေးထက်ဆိုးရွားပါတယ် အမြတ်ကြီးပဲတစ်ချိန်လုံးရနေတာမဟုတ်သလို အရှူံးနဲ့ လမ်းခွဲလိုက်ရတဲ့သူတစ်ဦး မဖြစ်ပါစေနဲ့ !

၂ : သင်တန်းပေးလား ?

ဟုတ်ကဲ့ , ကုမ္မဏီမှာတော့ နေ့တိုင်း(တစ်ပတ်၅ရက် သင်တန်း) ပေးပါတယ် (Only Chinese’s Speaks)

ကျွန်တော် Forex Trading ကို 2016 မှပဲစတင်လေ့လာပြီးလုပ်ကိုင်လာသူ တစ်ဦးဖြစ်တဲ့အတွက် မိမိကိုယ်တိုင်တောင် မသိ နားမလည်သောအရာတွေအများကြီး သင်ယူနေရပါသေးတယ်
အခုချိန်ထိလဲ ဟိုမှာသင်တန်းပေးတယ် , ဒီမှာသင်တန်းပေးတယ် ကြားရင် မိမိလိုခြင်တဲ့ သင်ခန်းစာပေးသံကြားတာနဲ့ သင်ယူနေဆဲပါ
အဲ့အတွက် ကျွန်တော် ဆရာမဟုတ်သေးတဲ့အတွက် ဘာသင်တန်းမှလဲမပေးပါဘူး
ပေးဖို့အဆင့်မရောက်သေးပါဘူး

အဲ့တော့ FX ကိုအခြေခံကနေ လေ့လာမယ်ဆိုရင် ကျွန်တော်ခင်မင်ရင်းနှီးတဲ့ ဆာလေး(Toe Tet Aung) နဲ့ ကိုလေး(FX KP) , ဆာလေး (လေလွင့် မိုးတိမ်) ၃ဦးထံကို လမ်းညွန်ပြပေးပါတယ်

Level မြင့်သင်တန်းပို့ချနေတဲ့ ဆရာတွေက မြန်မာမှာ တစ်ကယ်တော့ အများကြီးပါ
ကုန်းဆင်း( Free ရိုက် ) သင်တန်းကတော့ မြန်မာမှာမရှိပါ (စေတနာရှိလို့သင်ပေးရင်တော့ မပြောတက်ဘူး)
အထိုက်အသင့်လေးတော့ ပေးရပါတယ်

အဲ့လိုအထိုက်အသင့်ဆိုတာတော့ ကျွန်တော်သိတာ ၂မျိုးရှိပါတယ်
စေတနာကိုရှေ့ထားပြီး အင်တာနက်ကနေ သင်ပြပေးတဲ့ ဆရာတွေရဲ့သင်တန်းကြေးကတော့ (၂သောင်းခွဲကျပ် , ၅သောင်းကျပ် , တစ်သိန်းကျပ် ပါ)

ဒုတိယတစ်မျိုးကတော့ ပင်ကိုယ်နည်းပြဆရာတွေပါ
လက်တွေ့ကျကျသင်တန်းပေးပါတယ်
(တပတ်စာ : ၂သိန်းခွဲ , တစ်လစာ : ၃သိန်းခွဲ , တစ်သက်စာ : ၅သိန်း . . . . . )

တကယ်တော့ ဒီတန်ဖိုးတွေက မများပါဘူး

ကျွန်တော် PTFX ကုမ္မဏီက စီစဉ်ပြီးတက်ဖြစ်ခဲ့တဲ့ အခြေခံ ၂ရက်သင်တန်းကတောင် $၂၅၀၀ ပေးခဲ့ရလို့ပါပဲ အဲ့ကြောင့်

Level မြင့်သင်တန်းတွေက $၃၀၀၀ $၅၀၀၀ $၁၂၀၀၀ $၁၅၀၀၀ ရှိပါတယ်
(နိုင်ငံရပ်ခြားမှာပါ)

အဲ့တော့ပြောပြခြင်တာက မိမိသာတစ်ကယ် သိခြင်တယ် တက်ခြင်တယ် စိတ်ဝင်စားတယ် ဘဝတစ်ခုအတွက်ရည်ရွယ်တယ်ဆိုရင်တော့ တက်လို့ရတဲ့ သင်တန်းတွေအများကြီးရှိပါတယ်လို့ပြောပြခြင်ပါတယ်

၃ : ဘယ်လိုလေ့လာရမလဲ ?

ဟုတ်ကဲ့ပါ , လေ့လာလို့ရတဲ့နည်းလမ်းတွေကအများကြီးရှိပါတယ်
စာအုပ်ဖတ်တာ သင်တန်းတက်တာ အင်တာနက်ကရှာဖွေသင်ယူတာ အမျိုးမျိုးလုပ်လို့ရပါတယ်

တစ်ချို့က EA ကနေစလေ့လာတယ်
တစ်ချို့က Manual ကနေစလေ့လာတယ်
တစ်ချို့က ဘုမသိ ဘမသိ Signal ပေးတာထိုင်စောင့် အော်ဒါတွေဖွင့်ကြည့်ပြီး လေ့လာတယ်
(အပေါ် ၃မျိုးလုံး ကျွန်တော်လုပ်ခဲ့တာပါ တစ်ခြားလူမဟုတ်ပါဘူး)

ကျွန်တော်က Forex ကို ဘဝတစ်ခုစာအတွက်ရည်ရွယ်ပြီး လေ့လာလုပ်ကိုင်နေသူပါ
အဲ့အတွက်လဲ Forex နဲ့ပတ်သတ်လို့သင်ယူ၍ရမည့် နည်းလမ်းမှန်သမျှ လေ့လာသင်ယူနေသူတစ်ယောက်ပါ

၎ : ဘယ်လို Signal ယူလဲ ? ဘယ်က Signal ယူလဲ ?

ဟားဟားပေါ့နော်  , Signal ယူလို့ရတဲ့နေရာတွေအများကြီးရှိပါတယ်
Play Store Apple Store မှာ : Forex Signal App လို့ရှာလိုက်တာနဲ့ အများကြီးကျလာမှာပါ
အဲ့မှာ ရေမီးစုံနဲ့ လေထီးခုန်ဆင်းလို့ရပါပြီ
But လေထီးခုန်တိုင်း ကောင်းတာမဟုတ်ပါဘူး
$ ပေးပြီးဝယ်သုံးတာတောင် အများဆုံး ၆၀% ပဲမှန်ပါတယ်
ကိုယ်က Signal လာတိုင်းချက်ခြင်းလုပ်နိုင်ရင် အမြတ်ထွက်နိုင်သော်လည်း မိမိမအားလပ်သောအချိန်တွင် ပေးသော Signal သည်မှန်ကန်၍ မိမိထိုင်စောင့်သောအချိန်တွင် ရလာသော Signal သည်မှားယွင်းနေတက်ပြန်သည်
အချိန်၅မိနစ်လောက်သာကွာဟသေးသည်ဟု Signal ကိုမသုံးသပ်ပဲ မိမိဖွင့်လိုက်သော Order သည် ၅မိနစ်ခန့်ဆိုသော အချိန်ကွာဟမှုကြောင့် အပြောင်းအလဲဖြစ်သွားနိုင်ပါသည်

အဘယ်ကြောင့်ဆိုသော် Forex Market သည် အချိန်စက္ကန့်နှင့်အမျှပြောင်းလဲနိုင်သောကြောင့် နောက်တစ်စက္ကန့်တွင် ဘာတွေကြုံတွေ့နိုင်မလဲဆိုတာပြော၍မရပါ

အဲ့အတွက် သူများတွေ Profit ရတာတွေပဲသင်နေတာကိုတွေ့ပြီး အားမကျပါနဲ့
Profit ရဲ့နောက်ကွယ်မှာ Risk ရှိပါတယ်
ဒီအချက်ကိုမမေ့ပါဘူး

ကိုယ်တွေ့ဖြင့်ရေးသားခြင်းဖြစ်သောကြောင့် အမှားပါရင် ခွင့်လွတ်ပါ
အားလုံးကိုလေးစားလျက်
Credit###
                                                   FX JJ Kaung Lay်
👍 , , , , ,