" The Unity "( part - 1 )
View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@winko·
0.000 HBD
" The Unity "( part - 1 )
အခုရေးသားချင်တာကတော့…အသိပညာပေး ပုံပြင်လေးတစ်ပုံပါပဲ…
ငယ်ငယ်တုန်းကတည်းက…မိတ်ဆွေတို့ …ကျွန်တော်တို့ အားလုံး
သိပြီးသားဖြစ်ခဲ့ပေမယ့်လည်း…ပြန်လည်အမှတ်ရစေရန်
ရည်ရွယ်ပြီး…" promotion"အတွက်…တင်ပါရစေခင်ဗျာ…
https://img.esteem.ws/snfnel8qfa.jpg
တစ်ခါတုန်းက…တောအုပ်ကြီးတစ်ခုမှာ…အကိုင်းအခက်တွေဝေဆာပြီး
စိမ်းစိုတဲ့သစ်ပင်ကြီးတစ်ပင်ရှိပါတယ်…သစ်ပင်ကြီးပေါ်မှာ …
ပညာရှိဦးဇီးကွက်ကြီးအပါအဝင် …ကြက်တူရွေး…သာလိကာ 
စတဲ့ငှက်မျိုးတို့ နေထိုင်ကြသလို …မျောက်တို့ …ရှဥ့်ငပေါ တို့ လည်း
နေထိုင်ကြပါတယ်…ဒါ့အပြင် ပျား…လိပ်ပြာ …ပိတုန်းတို့ ရဲ့ 
မှီခို ရာနေရာလည်းဖြစ်ပြီး…သစ်ပင်ကြီးပေါ်မှာ…
စည်းကားပျော်ရွှင်စွာ…နေထိုင်ရှာဖွေစားသောက်ကြပါတယ်…
ဒါပေမယ့်တစ်နေ့ တော့ ပြဿနာတစ်ခုက…စတင်လာခဲ့ပါတယ်…
https://img.esteem.ws/ldulibmhih.jpg
မျောက်အုပ်စု အဖွဲ့ က …ပညာရှိ ဦးဇီးကွက်ထံလာပြီး…
"ကျွန်တော်တို့ မျောက်မိသားစုတွေ…သီးသန့် သစ်ကိုင်းနဲ့ နေချင်ပါတယ်…
သစ်ကိုင်းသီးသန့်  နေရာ ခွဲပေးပါ" လို့ တောင်းဆိုသတဲ့…
ဒါကို ကြက်တူရွေးတွေကကြားတော့…
"မျောက်တွေကို ခွဲပေးရင် ကျွန်တော်တို့ လည်း…ကိုယ့်အုပ်စု
ကိုယ့်သစ်ကိုင်းနဲ့ လိုချင်ပါတယ် "လို့  တောင်းဆိုပြန်တယ်…
ဒါကို ရှဉ့် တွေကကြားပြန်တော့လည်း…အလားတူပဲ…
သစ်ကိုင်းလိုချင်ကြောင်း…ထပ်တောင်းဆိုကြပြန်တယ်…
https://img.esteem.ws/aa096rbct4.jpg
ပညာရှိဦးဇီးကွက်ကြီးက…အခြေအနေကို ရိပ်စားမိပေမယ့်လည်း…
"မင်းတို့ က ဘာကြောင့်…သစ်ကိုင်းလို ချင်ရတာတုန်း…
အခုလို တစ်စုတစ်ဝန်းတည်း…နေထိုင်ကြရတာ 
မကောင်းလို့ လား…ပြောစမ်းပါဦး"လို့ မေးတော့…မျောက်တွေက…
" ပျားတွေဟာ သူတို့ အသိုက်အဝန်းနဲ့ သူတို့ …
သစ်ကိုင်းတစ်ခုမှာနေထိုင်နေကြတာတာ ကျွန်တော်တို့ သိထားရပါတယ်…
အဲ့ဒါဦးဇီးကွက်ကြီးပေးလိုက်တာလား …ပေးခဲ့တယ်ဆိုလည်း…
ကျွန်တော်တို့ တွေကိုကျတော့ …ဘာလို့ မပေးရတာလဲ…
ကျွန်တော်တို့ လည်း အဲ့ဒီ့လို…ကိုယ့် နေရာကိုယ်…သီးသန့် ခွဲထွက်
အတိမ်အနက်ကို…နားလည်လိုက်တယ်…လက်တွေ့ ဖြေရှင်းပြဖို့ …
သူ ကောင်းကောင်းသိမြင်လိုက်ပါတယ်…
https://img.esteem.ws/bt4n6ygaoy.jpg
" မင်းတို့ ဖြစ်နေတဲ့ကိစ္စအားလုံး…ငါဖြေရှင်းပေးမယ်…
သစ်ကိုင်းကို …မင်းတို့ ဆန္ဒတစ်ကယ်ရှိလို့  ယူချင်ရင်…
ငါပေးမယ်…လိုချင်လည်းပေးမယ်ကွာ.…"လို့ ပြောဆိုပြီး…
သတ္တဝါအားလုံးကို…ကိုယ့်နေရာကိုယ်ပြန်လွှတ်လိုက်ပါတယ်…
ဆက်ရန် …( Next Pro )
Credits Photos : From Google
Authur >>> @winko
MSC : 234
👍 , , , , , , , , , , , , , , , , , , , , , , , , , , ,