The Shampooing Ceremony Part (3)
esteem·@winzawhtet·
0.000 HBDThe Shampooing Ceremony Part (3)
At some ceremonies, the guests are entertained with music troupe. Otherwise, the local elders deliver auspicious speeches. The turmeric water smeared rice and coins are rained down among the guests. Then, the little son has been named and his name is declared as Maung Htoon Win, to be able to bright brilliantly in his life. After thoroughly calculating the astrological formula, the name is given for the infant. The name giving is a mixture of customary rites of the Buddhism and the Hinduism.  အချို့အခမ်းအနားများတွင် တေးဂီတတီးဝိုင်းများပါ ထည့်ကြသည်။ သို့မဟုတ် လူကြီးမိဘအချို့က မင်္ဂလာစကား ပြောကြ၏။ ထို့နောက် နနွင်းလူးထားသော ဆန်များနှင့် ပိုက်ဆံများကို ရောကာ ပရိသတ်ထဲသို့ ကြဲကြသည်။ ထို့နောက် ဘယ်နေ့တွင်မွေးသော မည်သူမည်ဝါ၏ ရင်သွေး ဤကလေးအား ယနေ့မှစ၍ ထွန်းဝင်းတောက်ပစေရန်ဟူသော အတိတ်နမိတ်ဖြင့် မောင်ထွန်းဝင်းဟု အမည်ပေးကြောင်း ကြောညာသည်။ ထိုအမည်သည် ထိုကလေးအား တစ်သက်လုံး တွင်စေ၏။ အမည်ပေးရာတွင် မြန်မာတို့ ဗေဒင်ကိန်းခန်းတို့နှင့် တွက်ချက်၍ပေးခြင်း ဖြစ်၏။ မြန်မာတို့၏ အမည်ပေးခြင်းတွင် ဗုဒ္ဓဘာသာ အယူအဆအပြင် ဟိန္ဒူ အယူအဆများလည်း ရောထွေးနေပါ၏။ The name has been declared in such a way and the scented water is sprinkled with Eugenia sprigs over the guests, as a gesture of victory and peace. ထိုသို့ အမည်ကို ကြောငြာပြီးနောက် ငွေးဖလားအတွင်းရှိ အမွှေးနံ့သာရေများကို သပြေခက်များနှင့်တို့ကာ ပရိတ်သတ်နှင့်တကွ တစ်အိမ်လုံးကို လိုက်ဖျန်းပေးသည်။ အောင်မြင်သော အထိမ်းအမှတ်နှင့် အန္တရာယ်ကင်းစေရန် ဖြစ်ပါသည်။