တွေ့တိုင်းမစားနဲ့
writing·@yadanar·
0.000 HBDတွေ့တိုင်းမစားနဲ့
 လူတိုင်းစားဖူးမည်ထင်ပါသည် လူတွေတကူးတက ခေတ်မှီနည်းပညာများဖြင့်စိုက်ပျိုးသည့်မှိုမဟုတ်ဘဲ သဘာဝအတိုင်းပေါက်သောမှိုသည် တစ်နှစ်မှတစ်ခါသာရရှိတက်ပါသည်။မိုးရာသီကာလတွင် မှိုကိုပေါများစွာ တွေ့ရတက်ပါသည်။သဘာဝအရပေါက်သောမှိုသည် စိုက်ပျိုးသည့်မှိုထက် ပိုပြီးအရသာထူးကဲကောင်းမွန်ပါသည် ဈေးထဲတွင် ထိုကဲ့သို့သော သဘာဝမှိုများကို ရောင်းချတက်ပါသည် ဈေးတော့အင်မတန်ကြီးပါသည် သို့သော် ရရှိရန်ခက်ခဲသည့်အတွက် ဈေးကြီးသည်ကို အမှုမထားနိုင်ပါဘူး မရရအောင် ရတဲ့ဈေးနဲ့ဝယ်တက်ကြပါသည် လုပြီးဝယ်ယူရသည်ဆိုလျှင်ပိုမှန်ပါမည်။ထိုမှိုတို့သည် ကြော်စား ချက်ပြုတ်စားသောက်ရာတွင် ချိုစိမ့်ပြီး နှုတ်ကိုမြိတ်စေ သောသဘာဝဟင်းကောင်းတစ်ခွက်ဖြစ်ပါလေသည်။ သဘာဝအတိုင်း ပေါ်ပေါက်လာသောမှီုများတွင် စားကောင်းသော မှိုတွေရှိသလို လူကိုဘေးဖြစ်စေသော သေစေတက် သောမှိုတွေလည်းများစွာရှိနေပါလေသည်။ တစ်ခါတစ်ရံတွင် ဒေသခံများပင်လျှင် စားကောင်းလားမကောင်းလားမခွဲခြား နိုင်ဘဲစားသောက်မိသဖြင့် အဆိပ်အတောက်ဖြစ်ကာ အသက်ဆုံးရှုံးကြရသည်ကိုလည်းမကြာခဏကြားသိရပါလေသည် ထိုအဖြစ်ဆိုးများသည်မကြာခဏကြားရသလို အတော်လေးကိုစိတ်မကောင်းဖြစ်ကြရလေသည် အစားအစာကိုမိသားစု ၀ိုင်းဖွဲ့စားသောက်ကြသည်မှာ အားလုံးလိုပင်ဖြစ်သည် ထိုကဲ့သို့အရသာကောင်းမွန်ပြီး တစ်နှစ်တစ်ခါသာစားရသည့် မှိုဟင်းကိုမိသားစုအားလုံးစုံညီစွာစားသောက်ကြသောအခါ မတော်တဆ အဆိပ်အတောက်ဖြစ်စေသောမှိုကိုစားမိလေ သောအခါတွင် စားမိသူအားလုံးသည် အဆိပ်အတောက်ဖြစ်ကာ အားလုံးရှေ့ဆင့်နောက်ဆင့်ပင် အဆိပ်တက်ပြီးဆုံး ပါးသွားကြသေဆုံးသွားကြသည့်မိသားစုအကြောင်းများကိုမကြာခဏကြားသိနေရပါလေသည်။ မှိုများကိုစားသုံးရာတွင် ဘေးမဖြစ်စေသျောမှိုလို့အများကလက်ခံယူဆထားသော မှိုများကိုဖော်ပြလိုက်ပါသည်။ ကောက်၇ိုးမှို တောင်ပို့မှို ဖက်ဆွတ်မှို မှီုခြေတံရှည် ငှက်ပျော်မှို မှိုဖြူ မြတ်ကြားမှို တောက်တဲ့လက်ဝါးမှို ကုတ်ကိုမှီု ဇလပ်မှီု မြင်းတပြေးမို မှီုနီ မှိုကျောက်ခဲ မှီုအုန်းနက် သပြေမှီု စသည်တို့သည်စားသုံးရန်သင့်သောမှိုများဖြစ်ကြပါသည်သတိုပုဖွယ်ဖြစ်သည် သို့သော်လည်းစားသောက်သောအခါတွင် သတိထားပြီးချက်ပြုတ်စားသောက်သင့်ပါသည် ဒီတစ်ကြိမ်တွင် အဆိပ်မဖြစ် သော်လည်း နောက်တစ်ကြိမ်တွင် အဆိပ်ဖြစ်စေနိုင်ပါသေးသည် တွဲဖက်စားသောက်သောအစားအစာများ နှင့်လည်းအတူ များစွာသက်ဆိုင်နေပါသည် ကန်စွန်းရွက်တစ်ဝက်ခန့်ကိုမှီုနဲ့ဆတူရောပြီးချက်ပြုတ်စားသောက်သင့်ပါသည်။ကန်စွန်းရွက် သည်အဆိပ်ဖြေစေနိုင်သည်ကိုတွေ့ရပါသည် စားသောက်ပြီးပါကထန်းလျှက်ကိုစားပေးသင့်ပါသည်။ Author : @yadanar Photos credit; Google Image