"အပြည့်အဝပေးချေပြီး"
wafrica·@yadanarpoekyuu·
0.000 HBD"အပြည့်အဝပေးချေပြီး"
တစ်ခါတုန်းက ... ညလယ်စာအတွက် ချက်ပြုတ်နေတဲ့မိခင်ဆီကို ကလေးငယ်လေးတစ်ယောက်က စာရွက်တစ်ရွက်လာပေးတယ်။ ကောင်လေး စာရွက်ထဲမှာ ရေးထားတာက _ "မြက်ရှင်းခ = ၅၀၀ ကွန်တော့်အခန်းကို ကိုယ်တိုင်ရှင်းခ = ၁၀၀၀ ဈေးဆိုင်မှာ အမေက ကျွန်တော်ကို သွားဝယ်ခိုင်းခ = ၁၀၀၀ အမေဈေးသွားတုန်း ညီလေးကို ထိန်းပေးခ = ၁၅၀၀ အမှိုက်သွန်ပေးခ = ၅၀၀ အမှတ်ကောင်းတဲ့ ရီပို့ကတ်ယူလာပေးခ = ၅၀၀၀ ခြံရှင်းပေးခ = ၁၀၀၀ စုစုပေါင်း = ၁၀၅၀၀" အမေဖြစ်သူက ဖတ်ကြည့်ပြီး တစ်ချက်ပြုံးလိုက်တယ်။ ပြီးတော့ ကောင်လေးရဲ့စာရွက်မှာ စာတစ်ချို့ပြန်ရေးပေးလိုက်တယ်။ "၉လလောက် မင်းကို အမေ့ဗိုက်ထဲသယ်ထားပေးရတဲ့ အဖိုးအခ = အခမဲ့ မွေးလာပြီး မင်းချုချာလို့ ညတိုင်း မင်းကိုချော့သိပ်ရတဲ့၊ ဆရာဝန်ပြပြီး ပူပန်ရတဲ့ အဖိုးအခ = အခမဲ့ ဒီနှစ်တွေမှာ မင်းဆိုးခဲ့လို့ အမေကျရတဲ့ မျက်ရည်အတွက် အဖိုးအခ = အခမဲ့ ညတိုင်း မင်းတို့ရဲ့ ရှေ့ရေးအတွက်တွေးပူပြီး သောကရောက် အိပ်မရခဲ့တဲ့ အဖိုးအခ = အခမဲ့ အရုပ်တွေ၊ အစားအစာတွေ၊ အဝတ်အစားတွေ၊ မင်းနှပ်ကိုညှစ်ပေးခဲ့ရတဲ့ သေးသေးမွှားမွှားလေးတေကအစ အဖိုးအခ = အခမဲ့ မင်းဒီလိုတောင်းပေမဲ့ အမေ့ရဲ့လျော့မသွားတဲ့ အချစ်ရဲ့ အဖိုးအခ = အခမဲ့" ကောင်လေးက သူ့အမေရေးထားသမျှ အားလုံးဖတ်လို့အပြီးမှာတော့ မျက်ဝန်းထဲက မျက်ရည်ပေါက်တွေကျလာခဲ့တယ်။ အမေဖြစ်သူကို ပြေးဖက်လိုက်ပြီး _ "သားနောက်ဆို အမေ့ကိုဒီထက်ပိုချစ်ပါ့မယ်အမေ" လို့ ပြောလိုက်တယ်။ ပြီးတော့ သူ့စာရွက်လေးမှာလည်း သူစာတစ်ကြောင်း ထပ်ဖြည့်လိုက်တယ်။ "အပြည့်အဝ ပေးချေပြီး" ...  ဒီရက်ပိုင်း မိဘကျေးဇူးကို ပိုသိမြင်လာမိလို့ မိဘနဲ့ပက်သက်တဲ့ ပို့စ်လေးတွေပဲ ကျွန်မရဲ့ steemit အကောင့်မှာ အမှတ်တရ သိမ်းဆည်းထားချင်စိတ်လေးပေါက်နေတာကို သည်းခံပေးကြပါကုန် 😃😃 အစားထိုးမရတဲ့မိဘမေတ္တာ မိဘကျေးဇူးတွေကို ဒီထက်မကသိတတ်ပြီး လိမ္မာထက်မြက်တဲ့ သားသမီးများ ဖြစ်နိုင်ကြပါစေ ဆုတောင်းပေးရင်း ... ချစ်ခြင်းများစွာဖြင့် ... Yadanar Poekyuu
👍 nguyenminhphuong, waiyanwin, aungnaingthu, zawzawaye, merryyee, alalsaw, aungag, kyawks, gigiyad, renika, goegoe, yoelu, kywinkywin, allower, pinkynomi, antk, sigsig, ya-de, sparrowsh, feedyourminnows, bestbtctrader, bobogi, amiwa, rightbee, wubaman, levaleva, yayaza, kawsan, mrbestfriend, coicoi, salmonlover, minnowpara, beautywin, yanheesus, laddersh, akinobe, emilyshine, tusu, goodmind, everluc, xanfirst, ciso, chan-getter, oskca, successtop, eihwa, luclov, ke-kra, onnka, yadanarpoekyuu, muyar, btccrazy, palpal, zerina, vero.jali, good-karma, demo, feruz, esteemapp, minnowsupport,