ရပ်တန့် မနေပါနဲ့၊အားထုတ်ပါ၊ အားမငယ်ပါနဲ့ ၊
myanmar·@yairthiha·
0.000 HBDရပ်တန့် မနေပါနဲ့၊အားထုတ်ပါ၊ အားမငယ်ပါနဲ့ ၊
 ...............ခေတ်နဲ့အညီ ရှိပါစေ................ ************************************* အခုခေတ်ကြီးထဲတွင် ခေတ်နဲ့အညီ မလိုက်နိုင်ဘဲ နေခဲ့သောသူသည် နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ.... Nokia ကုမ္ပဏီ ကို လေ့လာကြည့်ပါ NOKIAသည် တခြားသူများလို ခေတ်နဲ့အညီ တီထွင်မှူများ မပြုလုပ်ပဲ ရပ်တန့်နေခဲ့သောကြောင့် ယခုအချိန်မှာ နောက်ကျကျန်ခဲ့နေပြီ ဖြစ်ပေသည်၊ ခေတ်ရှေ့ပြေးပါဟု ကျနော်မဆိုလို၊ အမှီလိုက်နိုင်ရန်သာ ဆိုလိုပါသည်၊ လက်ဖက်ရည်ဆိုင်၊ အလှပြင်ဆိုင်၊ တခုခု စတဲ့အရာများ၊နေရာများကို ခေတ်နဲ့အညီ အမှီလိုက်နေနိုင်ရင် အဆင်ပြေနေကြမည် ဖြစ်ပေတယ်၊ လွန်ခဲ့သော နှစ်ပေါင်း ၁၀နှစ်လောက်ကတည်းက ဆွေးမြေ့နေသော အရာများအတိုင်း ထားခဲ့မယ်၊ဆန်းသစ်မှူများ မပြုလုပ်ခဲ့ရင် ယနေ့ခေတ်တွင် အဆင်မပြေပေ၊.. ဥပမာ အလှပြင်ဆိုင်တစ်ဆိုင်သည် လာရောက်ပြင်ကြသော customers တွေကို အရင်နှစ်ဟောင်းအတိုင်းပင် ဝန်ဆောင်မှူများရှိနေလျှင် ထိုဆိုင်မှာ customers များစွာ ဆုံးရှူံးပြီး နှစ်နာမှူများ ဖြစ်နေပေမည်။ ဒါကြောင့် ကျနော်တို့ ဘယ်အလုပ်လုပ်သည် ဖြစ်စေကာမူ ကျနော်တို့ရဲ့ မျက်စိ၊နား များကို အလကားမထားပဲ စောင့်ကြည့်ပါ၊နားစွင့်ပါ ခုခေတ်တွင် ဘာတွေပြောင်းလဲနေသလဲအစ အရာရာ စူးစမ်းပါ၊. ပုံသေကားချပ် အရင်နှစ်လည်း ဒီလို ဒီနှစ်လည်း ဒီလို ...မဖြစ်ပါစေနဲ့...... မိမိနေထိုင်သော ပတ်ဝန်းကျင်လေ့လာပါ.. ငါဘယ်ခေတ်မှာ ရပ်တည်နေသလဲ၊ ငါဘာတွေပြောင်းလဲ သင့်သလဲ.. ***********************************  *********************************** နောက်တစ်ချက်မှာ အားထုတ်မှူ ကျနော်တို့လူအများစုသည် တိုးတက်ချင်သော်လည်း အလုပ်လုပ်ရမည်ကို ပျင်းကြသည်၊ အားမထုတ်ချင်ကြပေ၊ တခြားသူဘာလုပ်လဲ ဆိုတာသာ စောင့်ကြည့်နေကြတယ်၊ ကိုယ်ပိုင်အားထုတ်မှူ မလုပ်ချင်ကြပေ၊..ဒါကြောင့်အားထုတ်ပါ ဓားတစ်လက်ရဲ့အရည်အသွေး ခုတ်မှ သိသလို ၊ မိမိအရည်အချင်းသည်လည်း အားထုတ်ခါမှ သာ သိနိုင်သည်၊ မိမိနေထိုင်သော ကာလပတ်လုံး မိမိအရည်အချင်းကိုမသိကြသောသူများ ဖြစ်ကြတယ်၊ မိမိမှာ ဘာအရည်အချင်းရှိသလဲ မသိကြပေ၊.... အလုပ်လုပ်ခါမှ သာ သိနိုင်ပေမည်၊ ဒါကြောင့် သူများအားမကိုးပဲ မိမိကိုယ်ကို အားကိုးပြီး အစွမ်းအစ ထုတ်သုံးပါ၊.. လူတိုင်းလူတိုင်းတွင် မတူညီသော အရည်အချင်းများ ရှိကြပါသည်၊... ************************************ အားနည်းချက် လူတိုင်းတွင် အားနည်းချက်ရှိပါတယ် ၊ ကျနော်ကိုယ်တိုင်လည်း ရှိပါတယ် ကမ္ဘာကြီးမှာ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိကြပေ၊ ဒါကြောင့် မိမိမှာ အားနည်းချက် ရှိသည်ကို အားမငယ်ပါနဲ့ ၊ တစ်ခါ တစ်ရံမှာ မိမိအားနည်းချက်က တခြားနေရာတွင် အားသာချက် ဖြစ်သွားသည်လည်း ရှိနေပါသည်၊.. ကျနော်ဖတ်ဖူးသောစာအုပ်ထဲက အကြောင်းတစ်ခုပြောပြပါရစေ.... တစ်ခါက လယ်သမားတစ်ဦး မြို့တက်၍ အိုးနှစ်လုံးဝယ်ခဲ့တယ် ၊ သို့သော် ထိုအိုးထဲမှ တစ်အိုးသည် အပေါက်ပါသည်ကို သတိမပြုခဲ့ပေ၊ ရွာအပြန်လမ်း တစ်လျှောက် လယ်သမားသည် အိုးနှစ်လုံးကို ရေဖြည့်ကာလှည်းဖြင့် သယ်လာခဲ့တယ်...လမ်းတစ်လျှောက်လုံးတွင် အပေါက်ပါသော အိုးသည် အပေါက်ပါသဖြင့် ရေများ တဖြည်းဖြည်း ကုန်ခန်းလာသည် ဒါကြောင့် တစ်ခြားအိုး လှောင်ရယ်ခဲ့တယ်၊ အပေါက်ပါသောအိုးကို ဟားတိုက်ခဲ့သည်၊ တစ်လမ်းလုံး အပေါက်ပါသောကြောင့် အားငယ်နေလေသည်၊... သို့သော် လယ်သမားက အိုးလေးကို ကြည့်ပြီး ပြောလိုက်တယ်..."အားငယ်မနေနဲ့..ငါတို့ဖြတ်ခဲ့တဲ့လမ်းကို ကြည့်လိုက်ပါအုန်း "ဆိုပြီး ပြလိုက်တဲ့အခါမှာ လမ်းတစ်လမ်းလုံးတွင် ပန်းပင်များ ၊မြက်ခင်းစိမ်းများဖြင့် လှပနေသည်ကို မြင်ရတော့သည်၊.. ဒါကြောင့် တစ်ခါတစ်ရံမှာ မိမိအားနည်းချက်က အကောင်းဆုံးသောအရာများကို ဖြစ်စေနိုင်ပါတယ်၊...အားမငယ်ပါနဲ့ ....... ************************************  Written by yairthiha @yairthiha Myanmar
👍 yairthiha, thatkozaw, tamuthar, domelay, sheinthu, mamamyanmar, rex97, steemitboard, chitnaingoo, shweyaungmyanmar, minsoenaing, thantzin, komoezaw, nyinyiwin, julybrave, camelot, curie, velourex, meerkat, dunia, myvoter, donkeypong, analisa, calypso, brahma, anwenbaumeister, hendrikdegrote, kushed, pharesim, sstefan, mckenziegary, kyawkyawnaing, patricksanlin, ahdoo,