Project Show.......Competition

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@yelinn·
0.000 HBD
Project Show.......Competition
HELLO EVERYONE........
Nice To Meet You Again.... Steemit member 
များအားလုံး ကျွန်​​တော့်​အခု​ရေးမယ့်​ အ​ကြောင်းအရာ​လေးကို ဆက်​လတ်​အား​ပေးဖတ်​ရူ့​ပေးပါဦးခင်​ဗျာ။

ကျွန်​​တော်​ ဒီ​တ​ခေါက်​​ရေးချင်​တာက​တော့ ကျွန်​​တော်​တို့ အဖွဲ့​ကျောင်းမှာ လက်​​တွေ့လုပ်​ရတဲ့ project နဲ့ ပတ်​သတ်​ပြီး ရလာခဲ့တဲ့ ပညာ​တချို့ကို steemit member များလည်းသိ​စေရန်​ ​ဝေငှချင်​ပါတယ်​။

ကျွန်​​တော်​ ကို ကျွန်​​တော်​ မိတ်​ဆက်​တုန်းက ကျွန်​​တော်​ဟာ (Electrical Power Enginnering) major မှာ ပညာသင်​ကြား​နေတယ်​လို့ ​​ရေးခဲ့ပါတယ်​ အခု ပြောချင်​တာ​လေးက​တော့Major က ပြုလုပ်​​တဲ့project က ရခဲ့တဲ့ ပညာတချို့ကို တင်​ပြ​ပေးလိုက်​ပါတယ်​။ ကျွန်​​တော်​တို့ Uni က အကြီးအကဲ​တေ
ဦး​ဆောင်​ပြီး Project Show တခု ပြုလုပ်​ ကျင်းပခဲ့ပါတယ်​။ဒီ Project show ဟာ major ​ပေါင်းစုံမှ ​ကျောင်းသား၊သူ များအားလုံးရဲ့ တီထွင်ြ​ပုလုပ်​ထားတဲ့ ပစ္စည်းတချို့ ၏ အလုပ်​လုပ်​ပုံကို လက်​​တွေ့ ပြသခြင်းဖြစ်​ပါတယ်​။

 ![image](https://img.esteem.ws/v7hwdg2jb6.jpg)

ကျွန်​​တော်​တို့ major ကလည်း project ကို တီထွင်​ထားတဲ့ ပစ္စည်း များပြသနိုင်​ရန်​ ဆရာ၊ဆရာမ များက အဖွဲ့ ဖွဲ့ထား​ပေးသည်​။ ကျွန်​​တော်​တို့ second year အဖွဲ့တွင်​ လူ ၁၀​​ ​ယောက်​ခန့်​ပါပါတယ်​။ ကျွန်​​တော်​တို့ သည်​ ပြုလုပ်​ရမည့်​ ​ခေါင်းစဉ်​ကို စဉ်​စားပြီး ဌာနမူး နှင့်​ တိုင်​ပင်​ကာ သင့်​ ​တော်​လျှင်​ လက်​​တွေ့ပြုလုပ်​ကြသည်​။ ကျွန်​​တော်​တို့ အဖွဲ့၏ ​ခေါင်းစဉ်​ မှာ "Interfacing 
Phase Sequence And Phase Failure Relay With 
Shunt Trip Coil " ​ဖြစ်​ပါတယ်​။ ကျွန်​​တော်​တို့သည်​ လိုအပ်​သည်​များကို လိုက်​လံ ၀ယ်​ယူကာ ပစ္စည်းစုံသည်​နှင့်​ ​နောက်​တ​နေ့တွင်​ ပြုလုပ်​တပ်​ဆင်​ခဲ့ကြသည်​။ ပြီးဆုံးသွားသည်​နှင့်​ လက်​​တွေ့ စမ်းသပ်​ပြုလုပ်​ကြည့်​​သောအခါ ပထမ တခါ​တော့ မရ​ပေ။
ဒုတိယ တကြိမ်​ ပြုလုပ်​​သောအခါ မှ ရရှိခဲ့သည်​။ 

 ![image](https://img.esteem.ws/7d5w6fcalx.jpg)

ကျွန်​​တော်​တို့ အဖွဲ့ သည်​ အဆင်​သင့်​ ဖြစ်​ပြီဆိုရင်​ project show တွင်​ ပြသရန်​ ​နေရာချထားခဲ့သည်​။ Project show တွင်​အကြီးအကဲ​တေကို ရှင်းပြရန်​ အတွက်​ power point များဖြင့်​ ပြင်​ဆင်​ကာ presentation ပြုလုပ်​ခဲ့ကြသည်​။ project အတွက်​ အချိန်​ကို တလတာ ​ပေးခဲ့ပါတယ်​။ အချိန်​မှီ ပြီးစီးနိုင်​ခဲ့သည်​။နောက်​တ​နေ့ တွင်​ ကျွန်​​တော်​မှ ဦး​ဆောင်​ကာ presentation​ဖြေဆိုခဲ့သည်​။ လအကုန်​တွင်​ project show ပြသခဲ့သည်​။ကျွန်​​တော်​တို့အဖွဲ့ ပထမဆု ရရှိခဲ့သည်​။ကြွားတာ ကြွားတာ
ဟားဟား။

 ![image](https://img.esteem.ws/ny6cpiwk8n.jpg)

 ![image](https://img.esteem.ws/uijh4wu2u5.jpg)

အဓိက ​ပေးချင်​တဲ့ massage က​တော့ အခုမှ​ပြောမှာပါ။ ကျွန်​​တော်​နားလည်​တာ က​တော့ အဖွဲ့အစည်းနဲ့ ပြုလုပ်​ရတဲ့ အခါ "ကိုယ်​ဖြစ်​ချင်​တာကိုချည်း မလုပ်​ဘဲ အဖွဲ့နဲ့တိုင်ပင်ပြီးမှ​​သာ ​ဆောင်​ရွက်​ရန်​"ဖြစ်​သည်​။ တခါတ​လေ​တော့ နားလည်​မှု​လေး​တေလည်း လွဲတတ်​ပါတယ်​။ကျွန်​​တော်​တို့ အဖွဲ့ဟာ project အတွက်​ ​သေချာကြိုးစား​လေ့လာပြီး ​ဆောင်​ရွက်​ခဲ့ကြသည်​။တ​ယောက်​တပိုင်းစီ တာဝန်​ယူကာ ကိုယ်​စီ​ဆောင်​ရွက်​ကြရသည်​။အဖွဲ့အစည်းနဲ့ လုပ်​ကိုင်​ရာတွင်​ အဖွဲ့သားတ​ယောက်​၏ အမြင်​ကို လျစ်​လျူ  မရူ့သင့်​ပါ။ တ​ယောက်​တလှည့်​ အမြင်​ချင်း ဖလှယ်​ကာ ​ကောင်း​သောအချက်​ကို ထုတ်​ကာ ​​ဆောင်​ရွက်​ခြင်းဖြစ်​သည်​။တဦးကို တဦး ယုံကြည်​မူရှိဖို့က အ​ရေးကြီးဆုံး အချက်​ပါဘဲ။ ​နောက်​တခုက​တော့ ဖွဲ့သားအချင်းချင်း စည်းစည်းလုံးလုံးနဲ့ ပြုလုပ်​ပါက ​ဘယ်​အရာမဆို ​အောင်​မြင်​နိုင်​ပါသည်​။ ကျွန်​​တော်​တို့ အဖွဲ့ အခုလို ပထမဆု ရရှိတာကလည်း အဖွဲ့သားအချင်းချင်းယုံကြည်​မှုရှိပြီး စည်းလုံးညီညွတ်​ စွာ လုပ်​ကိုင်​ခဲ့တာ​ကြောင့်​ ဘဲဖြစ်​ပါသည်​။ ဒါ​ကြောင့်​ ​လောကမှာလည်း ကိုယ့်​အတွက်​ကို မကြည့်​ ဘဲ အများအကျိုး ကိုကြည့်​ကာ လုပ်​ကိုင်​ကြနိုင်​ပါ​စေလို့ ​မေတ္တာ​ပေးပို့လိုက်​ပါတယ်​။ 

အခုလို အဆုံးထိ ဖတ်​​ပေးတဲ့ member များအားလုံး​ကျေးဇူးတင်​ပါတယ်​။ဖတ်​​ပေးတဲ့အတွက်​ ​ရေးရကျိုး နပ်​ပါသည်​။ 
Steemit အဖွဲ့အစည်းမှာလည်း စည်းစည်းလုံးလုံးနဲ့ ပြုလုပ်​နိုင်​ကြပါ​စေ။Bye Bye.

@yelinn
Msc _241
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,