အကျိုးပြုနိုင်ငံသား
esteem·@yemon·
0.000 HBDအကျိုးပြုနိုင်ငံသား
 နိုင်ငံသားများမှန်ကန်သောယုံကြည်ချက်|ခံယူချက်ထားရှိခြင်းနည်းလမ်းဖြင့်နိုင်ငံ၏အားကိုတည်ဆောက်နိုင်သည်။မိမိကောင်းကျိုးအတွက်နိုင်ငံကိုအသုံးမချဘဲနိုင်ငံ့ကောင်းကျိုးအတွက်သာမိမိဘဝကိုအသုံးချရမည်။နိုင်ငံအပေါ်ရယူလိုသူအဖြစ်မရပ်တည်ဘဲပေးဆပ်လိုသူအဖြစ်ဖြင့်သာရပ်တည်ရမည်။နိုင်ငံသည်မိမိအတွက်မဟုတ်ဘဲမိမိကသာနိုင်ငံအတွက်ဖြစ်သည်ဟုခံယူရမည်။နိုင်ငံကိုမိမိဒိုင်းသဖွယ်အသုံးမပြုရသို့သော်မိမိဘဝကိုမူနိုင်ငံအတွက်ဒိုင်းသဖွယ်အသုံးပြုရမည်။နိုင်ငံအပေါ်အသာစံသမားအဖြစ်မရပ်တည်ဘဲအနာခံသမားအဖြစ်ရပ်တည်ရမည်။နိုင်ငံအကျိုးနှင့်မိမိအတ္တအကျိုးယှဉ်လာလျှင်နိုင်ငံအကျိုးကိုဦးစားပေးရမည်။မိမိကိုယ်မိမိနိုင်ငံနှင့်လူမျိုး၏ကိုယ်စားပြုပုဂ္ဂိုလ်အဖြစ်ခံယူထားရမည်။မိမိသည်နိုင်ငံနှင့်လူမျိုးကိုကောင်းကျိုးပြုရန်နှင့်အနစ်နာခံရန်ဟူသောတာဝန်နှစ်ရပ်ဖြင့်လူ့လောကသို့ရောက်ရှိလာခြင်းဖြစ်သည်ဟုခံယူထားရမည်။ "နိုင်ငံ၏အားကိုပြိုကွဲစေသောသဘောထားနှင့်အပြုအမူများ" နိုင်ငံ၏အားကိုပြိုကွဲစေသောသဘောထားနှင့်အပြုအမူများရှိပါသည်။ယင်းတို့မှာမင်းသားကြီးမလုပ်ရလျှင်ပတ်မကြီးထိုးဖောက်ပြစ်ခြင်း|မစားရသည့်အမဲသဲနှင့်ပက်ခြင်း|ပွဲလှန့်တုန်းဖျာဝင်ခင်းခြင်း|မီးလောင်ရာလေပင့်ခြင်း|အမေကျော်ထွေးတော်လွမ်းခြင်း|ငါထင်ရာငါတကောပြုလုပ်ခြင်း|သခွတ်ပင်ကမီးတစ်ကျည်ကျည်ပြုလုပ်ခြင်းစသည်တို့ဖြစ်သည်။ဤသဘောထားနှင့်အပြုအမူများသည်ကောက်ကျစ်စဉ်းလဲသည်|သေးသိမ်သည်|ယုတ်ညံ့သည်။ယင်းတို့ကြောင့်နိုင်ငံတွင်ထိခိုက်မှုနှစ်မျိုးဖြစ်ပေါ်ခံစားရသည်။ပထမတစ်မျိုးမှာပြည်တွင်းစည်းလုံးညီညွတ်မှုအင်အားပြိုကွဲပြီးနိုင်ငံ၏အင်အားချည့်နဲ့သွားသည်။ဒုတိယထိခိုက်မှုမှာနိုင်ငံနှင့်လူမျိုးကိုသဘောထားသေးသိမ်သောလူမျိုး|ဉာဏ်အမျှော်အမြင်နည်းသောလူမျိုး|ရိုးသားဖြောင့်မတ်မှုမရှိသောလူမျိုးအဖြစ်ကမ္ဘာ၏ဝိုင်းဝန်းသက်မှတ်ခြင်းကိုခံရသည်။ဤကဲ့သို့သေးသိမ်သောသဘောထားနှင့်အပြုအမူကိုကျွန်ူပ်တို့ရှောင်ရှားကြရမည်။လက်ခံကျင့်သုံးနေသောပုဂ္ဂိုလ်မျိုးရှိပါကလည်းယင်းပုဂ္ဂိုလ်များကိုဝိုင်းဝန်းဆန့်ကျင်ကြရမည်။အဘယ့်ကြောင့်ဆိုသော်ယင်းပုဂ္ဂိုလ်များသည်နိုင်ငံ၏တည်ငြိမ်အေးချမ်းမှုနှင့်စည်းလုံးမှုကိုပျက်ပြားစေသောကြောင့်ဖြစ်သည်ဟုဆရာကျော်ကျော်သန်း(မဟာဝိဇ္ဇာ)မှရေးသားဆုံးမခဲ့သည်ကိုပြန်လည်တင်ပြရင်းနိုင်ငံအကျိုးပြုသားကောင်းရတနာ|သမီးကောင်းရတနာများဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်အစဉ်လေးစားလျှက်.......