ရောက်​ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@yuzana·
0.000 HBD
ရောက်​ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့
ရောက်​ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့
 အပိုင်း(၁ )
- - - - - - --
ကျွန်​​တော်​အခု​ရေးမှာက​တော့ ကျွန်​​တော်​1989 ခုနှစ်​က ချင်းတွင်းအထက်​ပိုင်းခရီးထွက်​ဖူးခဲ့တဲ့အ​ကြောင်း​လေးပါ ကျွန်​​တော့ဘဝရဲ့အ​တွေ့အကြုံ​လေး​တွေကို သူငယ်​ချင်းတို့အား မျှ​ဝေခံစား​စေရန်​အတွက်​အပိုင်းရှည်​​ရေးသားရခြင်းဖြစ်​ပါသည်​၊ကျွန်​​တော်​​ရေးသား​သောအ​တွေ့အကြုံများသည်​၊သူငယ်​ချင်းတို့အတွက်​ ဗဟုသုတရစရာ အံသြစရာ သင်​ခန်းစာရယူစရာ ​ပျော်​ရွှင်​စရာများစသည်​ဖြင့်​ မျိုးစုံ ပါဝင်​လိမ့်​မည်​ဟုယုံကြည်​ပါသည်​၊အဘယ့်​​ကြောင့်​ဆို​သော်​ စတီးမစ်​သူငယ်​ချင်းအများစုသည်​ကျွန်​​တော်​​ရောက်​ခဲ့​သော နာဂ​တောင်​တန်းဖက်​သို့​ရောက်​ဖူးသူနည်းပါးလိမ့်​မည်​ထင်​ပါသည်​၊ကျွန်​​တော်​​ရောက်​ဖူးချိန်​ 1989 ခုနှစ်​အ​ခြေအ​နေကပုံရိပ်​ကို​ရေးသားရမည်​ဖြစ်​သဖြင့်​ အခုအ​ခြေအ​နေနှင့်​တူညီလိမ့်​မည်​မဟုပ်​​ကြောင်းကို​တော့ လက်​ရှိအ​ခြေအ​နေကို​ရောက်​ဖူး​သောသူငယ်​ချင်းများ၊ ကျွန်​​တော်​​ရေးသား​သောစာကိုဖတ်​မိ​သောသူငယ်​ချင်းများနာလည်​​ပေးပါလို့ ကြိုတင်​ပြီး​မေတ္တာရပ်​ခံလိုပါတယ်​ခင်​ဗျာ၊ 

![received_1187745258017205.jpeg](https://cdn.steemitimages.com/DQmPnsrAmvbJ2Syw2EyJdaUcXF1zYpPy5He4W55CqX8qZ9z/received_1187745258017205.jpeg)

https://goo.gl/images/fqmKkG

ကျွ​န်​​တော်​သည်​​ကျောင်းထား​နောက်​ကျသဖြင့်​ 1988​ရောက်​မှ က​လေးမြို့အထက(၂)မှာဆယ်​တန်းစတက်​ရပါသည်​၊ ကျွန်​​တော်​ဆယ်​တန်း​ရောက်​မှပင်
ဘဝကတဆစ်​ချိုး​ပြောင်းလဲသွားရပြန်​ပါသည်​၊ဆယ်​တန်း​အောင်​ပြီ အစိုးရဝန်​ထမ်း​လေးတခုခုလုပ်​ပြီး အသက်​​မွေးဝမ်းပြုမည်​ဟုဆုံးဖြတ်​ထား​သော်​လည်းကျွန်​​တော်​ 88အ​ရေးအခင်းနှင့်​သွားပြီးကြုံးသဖြင့်​ အာဏာရှင်​အစိုးရရဲ့ စာသင်​​ကျောင်းများ ရက်​အကန့့်​အသတ်​မရှိပိတ်​ပြစ်​ခြင်းးကိုခံလိုက်​ရပါသည်​၊

![16464380_1255948961118881_3585294752871874560_n.jpg](https://cdn.steemitimages.com/DQmTDY8B1q4zdKFL6m29NtZCLrkFxqicuwQDiXxthuwpXkY/16464380_1255948961118881_3585294752871874560_n.jpg)

https://goo.gl/images/NkNxQC

ထိုအချိန်​က ​ကျောင်းသူ​ကျောင်းသားများ၏ရည်​မှန်းချက်​ပန်းတိုင်​အယိုင်​ယိုင်​အလဲလဲဖြစ်​ကုန်​ကြ​လေသည်​၊အဘယ်​​ကြောင့်​ဆို​သော်​ ရက်​အကန့်​အသတ်​မရှိဘယ်​ရက်​ဖွင့်​မှန်းမသိဖြစ်​ကြ​သောအခါ ပြင်​ပလုပ်​ငန်းကိုအများစုလုပ်​ကိုင်​ကြရ​လေသည်​၊တချိုလဲပြင်​ပ​ရောက်​သွား​သောအခါ ​ကျောင်းစာနှင့်​ကွင်းဆက်​ပြတ်​သွားသဖြင့်​​ကျောင်းပြန်​ပြီးမတက်​ဖြစ်​​တော့​ပေ၊ကျွန်​​တော်​လဲ သူများနည်းတူအလုပ်​တခုခုလုပ်​ရန်​ဆုံးဖြတ်​ရ​လေ​တော့သည်​၊
အဲဒီအချိန်​မှာ ဟုမ္မလင်း​ရွှေ​မှော်​​တွေ​ခေတ်​စား​နေသလိုခန္တီးက ​ကျောက်​စိမ်း​တွင်း​တွေလည်း​ခေတ်​စား​နေပါသည်​၊ကျွန်​​တော်​လည်းသွားမဲ့သူငယ်​ချင်းများနဲ့အ​ဖော်​ညှိကာလိုက်​သွားမည်​ဟုဆုံးဖြတ်​လိုက်​ပါသည်​၊အစပထမက​တော့ ငါး​ယောက်​သွားမယ်​လို့တိုင်​ပင်​​ခဲ့​ပေမဲ့နှစ်​​ယောက်​ကမိဘများကမထည့်​သဖြင့်​ သုံး​ယောက်​ဘဲ ခရီးထွက်​ဖို့​အောင်​မြင်​ခဲ့ပါသည်​၊

![received_513019735788136.jpeg](https://cdn.steemitimages.com/DQmWhufiZkuUYG7gAHuo1HCx8U77J8m3SiMtWN88x7RFsdt/received_513019735788136.jpeg)

https://goo.gl/images/eRGurj

ကျွန်​​တော်​တို့က​လေးမြို့သည်​ ချင်းတွင်းမြစ်​​ကမ်း​ဘေးမဟုပ်​သဖြင့်​ သ​င်္ဘောဆိပ်​ ​မော်​​တော်​ဆိပ်​မရှိပါ အထက်​အညာသို့သွားလိုလျှင်​​သော်​၎င်း​အောက်​ပြည်​ မုံရွာ မန္တ​လေးသို့သွားလိုလျှင်​​သော်​၎င်းက​လေးမြို့မှ ၂၅ မိုင်​ခန့်​​ဝေး​သော ချင်းတွင်းမြစ်​ကမ်း​ဘေးရှိ က​လေးဝမြို့သို့သွား​ရောက်​သ​င်္ဘော ​မော်​​တော်​ စီးရပါသည်​၊ အရင်​​ခေတ်​က က​လေးမြို့ကို ​မော်​​တော်​များစက်​​လှေများနှင့်​ ​အောက်​ပြည်​​အောက်​ရွာမှလာသူများသည်​၊ထို​မော်​​တော်​ဆိပ်​ကို က​လေးမြို့ရဲ့အဝင်​ဝမို့ ​ဈေးဆိုင်​တန်း​လေးများအား က​လေးဝဟု​ခေါ်ရင်းနဲ့ အခု​တော့မြို့ကြီးလို့ဖြစ်​​နေရာ ကလေးဝမြို့ဟုရုံးစိုက်​​လေသည်​၊ ဒါက​တော့ က​လေးဝမြို့အ​ကြောင်း​လေးဗဟုသုတ​လေး​ရေးလိုက်​တာပါခင်​ဗျာ။ 
ဆက်​ရန်​-

Post writer=@yuzana(shineshine)
MSC=146
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,