Radio
myanmar·@yuzana·
0.000 HBDRadio
အားလုံးမင်္ဂလာပါ ခင်ဗျာ့ ဒီနေတော့ဗျာ ကလူးကလဲပါ့ စာရေးတာလဲနောက်ကျသွားပြီ မတပ်နိုင်ဘူး မှီချင်သလောက်မှီ တင်မိအောင်တော့တင်လိုက်အုံးမယ် ၊ အလုပ်ကမအားတဲ့အကြားထဲကရေးရတာ စာလုံးပေါင်းလေးတွေလည်း မှားချင်မှားလိမ့်မပေါ့ ၊ မနေကစက်ပြင်သမားအတွေအကြုံလေးဆက်ရေးပါအုံးမယ်၊ တခါလာအပ်သေးတယ်ဗျာ့ ၊လူငယ်အညာသားလေးထင်တယ် ရေဒီယိုလေးတလုံး ကျွန်တော့ရေဒီယိုကအကောင်းဗျာ့ နားထောင်လို့ရတယ် တခါတခါတိုးသွားတယ်၊တခါတခါကျယ်လာတယ်၊ ဒီဘောလွန်းကွန်ထိုးလေးကလည်းအတင်အချလုပ်ရင် ဂျိဂျိမြည်တယ်တဲ့၊ ကျွန်တော်လည်းပြစမ်းပါရဲ့ဆိုပြီးဘောလုံးလေးအတင်အချလုပ်ကြည့်ပါတယ် ၊  https://images.app.goo.gl/9Bse7hwN2CxJJ2V7A သူပြောတဲ့အတိုင်းပါဘဲ၊ဘောလွန်းကွန်ထိုးက ကာဗွန်တွေစားပြီး ကာဗွန်ကုန်နေတာ၊ ဘောလွန်းကွန်ထိုးလဲလိုက်ရင်ကောင်းပြီပေါ့ ကိုယ့်စိတ်ကူးက အဲ့ဒါနဲ့ ပစ္စည်းဖိုးရော လက်ခရော အဲ့ဒီခေတ်က ငါးရာကျမယ်လို့ပြောလိုက်ပါတယ်၊ သူကပြင်မယ်တဲ့ အဲဒါနဲ့ကျွန်တော်လဲ့ နတ်ကသုံးလုံးဘဲပါတာ အပြုံးတွေ စပါယ်ဖူးကျောက်လှည့်တောင်ဘဲချော်နေလိုအလောဖြုပ်ရတာ၊ နတ်ဖြုပ်ပြီးရေဒီယိုလေးကို အဖုံးဖွင့်လိုက်တော့ အလားလား အထဲမှာကြွက်သိုက်လိုဘဲဗျာ ဖရောင်းစက်တွေရော၊ ပီနံကြိုးသေးသေးလေးနဲ့ချည်ထားတာတွေရော၊ နောက်ဖျာစတွေရော၊ကြက်ပေါင်ကွင်းတွေရောခြည်ထားတယ်၊ ကျွန်တော်ဖြုပ်လိုက်တော့ ဖရောင်းစက်နဲ့ကပ်ထားတဲ့၊ ကြိုးအဆက်တွေကပြုတ်ကုန်ပါလေရော၊ ခြည်ထားတဲ့ကြက်ပေါင်းကွင်းတွေရော၊ဖျာစတုတ်တိုတုတ်စတွေရော ပြုပ်ထွက်လာတယ်၊  https://images.app.goo.gl/b2XRq3HUGTJsqZkdA ဟာ့ ဟေ့ကောင် မင့်ရေဒီယိုကဘာတွေတုန်းပြုတ်ထွက်ကုန်ပြီနော့လို့ပြောတော့ ဟုပ်တယ်ဗျာ့ ကြိုးဆက်တွေပြတ်လို့ဖရောင်းစက်နဲ့အားလုံးကပ်ထားတာတဲ့ ၊အင်သေရော့ တုပ်စလေးတွေက ဒီနေရာခုထားလိုက်ရင်အသံကြယ်လို့ခုထားတား ဟိုနေရာခုရင်အသံကြယ်လာသလားလို့ ဟိုနေရာခုလိုက်လုပ်ထားတာ၊ ကြက်ပေါင်ကွင်းက ဒီဘောလုံးကခဲပြုတ်ပြီးကွာနေလို့ ကြက်ပေါင်ကွင်းနဲ့တုပ်ခြည်ထားတာတဲ့၊ ကဲဗျာ့အဲတာမှသေရော၊ မင့်ကြိုးဆက်တွေက သူ့နေရာသူမှတ်မိသလားလို့မေတော့ မမှတ်မိဘူးတဲ့၊ ကဲ့ဗျာငါလဲ ချက်ချင်းအလွတ်ကတော့မရဘူး ပြန်ပြီးပတ်လမ်းလိုက်ရမှာ မင့်ဒီဈေးနဲ့လဲမရဘူး ငါက ဘောလွန်းကွန်ထိုးလဲပြီးရပြီမှတ်တာ အထဲမှာကမင်းကတအားကလိထားတာ ရရင်နောက်ရက်မှရမှာလို့ပြောတော့ မဖြစ်ဖူးဗျာ့ ပြန်ရမှာဝေးတယ်တဲ့ အဲ့တာဆိုငါလဲမတပ်နိုင်ဘူး မင့်ကြိုးတွေကဖရောက်စက်တွေနဲ့ကတ်ထားတော့ ငါလဲဘာမလုပ်ရဘူး သူဟာသူပြုတ်ကုန်တာ မင်အသိဘဲ ငါတော့ဒီအတိုင်းဘဲပြန်လုံးပေးလိုက်တော့မှာလိုပြောတော့၊ ဟင်ဒါဖြင့်အရင်လိုအသံမမြည်တော့ဘူးပေါ့တဲ့ ဘယ်မြည်တော့မလဲ မင့်ကြိုးတွေကပြုပ်ကုန်တာကို နောက်ရက်လဲ မင်းကမထားနိုင် ငါလဲ အဲ့လောက်မကြွမ်းဘူး မင့်အနေနဲ့ကြွမ်းကျင်တဲ့ ဆရာကြီးတွေဆိုင်တာသွားလိုက်တော့ ချက်ချင်းရမှာပါ ဟုဖြေသိမ့်လိုက်ရပါတယ်၊ မတပ်နိုင်ဘူးလေ စက်ကိုမဖွင့်ခင်က အဲ့လောက်ကြီးသူကလိထားမယ်မှန်း၊ သူလဲအောင့်သက်သက်နဲ့ သူရေဒီယိုလေး သူပြန်ယူသွားပါလေတော့တယ်၊ ကျွန်တော်တို့စက်ပြင်သမားတွေ အဲ့လိုလေးတွေလဲကြုံရပါတယ်ဗျာ။ စာလာဖတ်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ Post writer=@yuzana(shineshine) MSC=146
👍 sergino, yuzana, lwinoomg, myintlwinsoe, inntagawgroup, babymoon, thihanaing, lemonmajurana, thih8581, thiha1, thiha13, nantazin, soenaing, jlay, kolusoe, lwanwai, suhlaing, sawlwin, billionairehein, aunggyi100, myothuzar, babakyi, uthantzin, htwegyi, aggamun, sheinthu, c-squared, kevinwong, choogirl, cepul, vadimlasca, jlsplatts, mattiarinaldoni, gabyoraa, hiddenblade, bdmillergallery, sarez, velocity007, alexworld, reedhhw, tombstone, arconite, arcange, xhx, raphaelle, mindstabber, torico, longer, steemph.manila, rye05, kafupraise, jbrrd, asterkame, oguzcan,