Myanmar Mother Language Learning Part(4)
View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@zawhtet·
0.000 HBD
Myanmar Mother Language Learning Part(4)
ဝေါဟာရများကို ​လေ့လာကြည့်​ခြင်းအားဖြင့်​ ​မြောက်​ဦး​ဒေသိယစကားနှင့်​ ဗန်း​မော်​​ဒေသိယစကားတို့သည်​ မြန်​မာနိုင်​ငံ၏ စံဘာသာစကားမှ ဆင်းသက်​လာ​သော ​ဒေသိယစကားများဖြစ်​​ကြောင်း သိနိုင်​ပါသည်​။ 
 သစ်​ပင်​၊ သီးနှံ၊ ပန်းမန်​နှင့်​ အစားအ​သောက်​ဆိုင်​ရာ ​ဝေါဟာရများတွင်​ ကွဲပြားမှုရှိ​သော ​ဝေါဟာရများမှာ -
မြောက်​ဦး​ဒေသိယစကား
 သားလှ​ကျေးဇူးပင်
 ချရားပန်း
 ရိုးလှသန္တာပန်း
 ပါပရာ
 ဗန်း​မော်​​ဒေသိယစကား
 ခ​ရေပန်း
 ဆိတ်​ထလူးပန်း
 မျှစ်
 ငါးမုန့်
 သစ်​ပင်​၊ သီးနှံ၊ ပန်းမန်​နှင့်​ အစားအ​သောက်​ ဆိုင်​ရာ ကွဲပြားမှုရှိ​သော ​ဝေါဟာရများကို ​လေ့လာကြည်​ရာတွင်​ ​ဝေါဟာရ ဖန်​တီးပုံ၊ စိတ်​ကူးစိတ်​သန်း၊ အ​တွေးအမြင်​ ရှု​ထောင့်​များမတူညီပုံကို ​တွေ့မြင်​နိုင်​သည်​။``ငါးမုန့်​´´ကို `ပါပရာ ´ဟု​ခေါ်ခြင်းမှာ အခြားဘာသာစကားမှ အသံလှယ်​​မွေးစားခြင်းဖြစ်​ပါသည်​။ ဗန်း​မော်​ ​ဒေသိယစကားတွင်​ `ဆိတ်​ဖလူးပန်း´ကို ​မြောက်​ဦး​ဒေသိယစကားတွင်​ `ရိုးလှသန္တာပန်း ´ ဟု​ခေါ်ခြင်းမှာ သန္တာ​ကျောက်​ကဲ့သို့ နီမြန်းလှ​သော ရိုးတံရှိ​သောပန်းဟု စိတ်​ကူးတစ်​မျိုးဖြင့်​ ​ခေါ်​ဝေါ်ခြင်းဖြစ်​သည်​ဟု ယူဆပါသည်။
  သစ်​ပင်​၊ သီးနှံ၊ ပန်းမန်​နှင့်​ အစား​အ​သောက်​ဆိုင်​ရာ ​ဝေါဟာရများတွင်​ ဆက်​စပ်​မှုရှိ​သော ​ဝေါဟာရများမှာ -
 တို့စား
 ရှက်​ပင်
 ငါးဆမာ
 လိပ်​ပြာပင်
 ဗန်း​မော်​​ဒေသိယစကား
 တို့ စရာ
 ထိကရုံးပင်
 ငါးဆားနယ်
 စွယ်​​တော်​ပင်
 သစ်​ပင်​၊ သီးနှံ၊ ပန်းမန်​နှင့်​ အစားအ​သောက်​ ဆိုင်​ရာဆက်​စပ်​မှုရှိ​သော ​ဝေါဟာရများကို ​လေ့လာကြည်​​သောအခါ ​ဝေါဟာရများ၏ အ​ခေါ်အ​ဝေါ်များနှင့်​ ပတ်​သက်​၍ အမည်​မှည့်​​ခေါ်ပုံများကို စိတ်​ဝင်းစားဖွယ်​​တွေ့ရှိရပါသည်​။ ထိုအမည်​မှည့်​​ခေါ်ပုံများသည်​ တိုင်းရင်းသားတို့၏ စိတ်​ကူး၊ အ​တွေးအ​ခေါ်၊ ကြံဆမှုများပါဝင်​​နေသည်​ကို ​တွေ့ရပါသည်​။
👍 , , , ,