တွေ့သမျှကူးချ.၃၈.
esteem·@zayarminkhant·
0.000 HBDတွေ့သမျှကူးချ.၃၈.
အခန်း.၄.၇. ရန့် မေးခွန်းကို လင်းလင်းက ချက်ချင်းမဖြေ..ခဏကြာမှ ``မြို့ထဲသွားရင် ပျော်မယ်ဆိုတာကတော့ ထင်နေစ ရာကို မလိုဘူးရန်..ဒါပေမယ့် ကိစ္စမရှိပါဘူး..ငါပြောပီးပီ ပဲ နောက်တခါကျ ငါသွားချင်တဲ့နေရာ လိုက်ပို့ ဖို့ ´´ လင်းလင်းစကားကြောင့် ရန် အံ့အားသင့်သလို ဖြစ်သွား သည်..သူ့ စိတ်ထဲမှာ လင်းလင်းတယောက် ဒီနေရာ မ ရောက်ဖူးသေးလို့ မြို့ထဲပဲသွားချင်နေတာပါ ရောက်သွား ရင် ပြန်ချင်မှာတောင် မဟုတ်ဖူးဟု ထင်နေခဲ့သည်... တကယ်ကျတော့ အထင်ကမှန်ဖို့ နေနေသာသာ ရိုးတိုး ရိတ်တိတ်တောင်မှ မနီးစပ်ပဲ တက်တက်စင်လွဲနေသဖြင့် လင်းလင်းကို တအံ့တသြ ကြည့်ရင်း... ``နင် ဒီနေရာကို တကယ်သဘောမကျဘူးလား လင်းလင်း´´ လင်းလင်းက တည့်တည့်မဖြေ... ``ကဲပါ...ဒါတွေ မေးမနေစမ်းပါနဲ့ ခု ဘယ်သွားမှာ လည်း ဒီမှာပဲ မတ်တတ်ကြီး ရပ်နေမှာလား ဒါမှမဟုတ် နေပူကြီးထဲ လျှောက်ပြေးနေရမှာလား´´ ရန်က ရယ်သည်..လင်းလင်းကို မလိုအပ်တာတွေ ပြော နေလို့ လည်း အပိုပါပဲလေဟု တွေးမိ၍... ``ဘုရားအရင် ဖူးမယ်လေ ပီးရင် ရှုခင်းသာမှာတခု ခုသွားစားမယ်..ပီးရင် ဟိုဘက်မှာရေကန်ကြီးရှိတယ် အဲ ဒီဘက်မှာ ထိုင်စကားပြောပြော..ညောင်ပင်ရိပ်အောက် က အအေးဆိုင်ထိုင်ပီး တခုခုသောက်ရင်း စကားပြော ပြော..ဒါမှမဟုတ် ဟိုဘက်နားက ခုံတန်းလေးတွေမှာပဲ ထိုင်ထိုင် ကြိုက်သလိုလုပ်လို့ ရတယ်´´ ``အင်း...ဒါဖြင့် ဘုရားသွားဖူးကြမယ်လေ´´ ရန် ခေါင်း ညိတ်သည်..နှစ်ယောက်သား စိန်ပန်းပင်အရိပ် များအောက်မှ ကုန်းတော်ပေါ်သို့ တက်သောလှေကား ထစ်များဆီသို့ လျှောက်လာကြသည်... ဆောင်းလယ်ရက်မို့  သစ်ပင်များဆီမှ ရွက်ဝါများ ကြွေကျ ပီး မြောက်လေနှင့်အတူ လွင့်ပါးနေခြင်းကိုက ရန့် စိတ်ထဲ တွင် လှနေတော့၏ ။ရန် ဘုရာရှိခိုးပီးသောအခါ အချိန်အတော်ကြာကပင် ဦးချ ပီးနေဟန်တူးသော လင်းလင်းက... ``ရန်...နင်ကတော့ တကယ့်တောသားကြီးပဲ မြို့ ကြီး ပြကြီးထဲလည်း မသွားချင်ဘူး..တောထဲတောင်ထဲ ကွင်း ပြင်ထဲမှာ ပျော်တယ်..ပီးတော့ ဘုရားရှိခိုးတာလည်း ကြာ လိုက်တာ..ပြောစမ်းပါဦး ဘာတွေများ ဆုတောင်းနေလို့  လဲ´´ ``ငါလား...´´ ရန်က သဘောကျစွာ ရယ်ရင်း ပြန်မေးသည်..လင်းလင်း ကခေါင်းညိတ်လျက်... ``အေးပေါ့´´ ``ငါက ဘုရားရှိခိုးတွေ ရသလောက် ဆိုနေလို့ ကြာ နေတာပါဟာ..ဆုတောင်းတာက တခုထည်းပါ..ငါတို့  ရည်မှန်းချက်တွေ အောင်မြင်ပါစေ..ပီးတော့ တသက်လုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေသွားပါရစေလို့ ´´ ``နောင်ဘဝ ဆက်တိုင်း ပေါင်းရပါစေလို့ တော့ ဆု မတောင်းဘူးလား´´ ``အမယ်လေး...ဒီလောက်လည်း လောဘ မကြီးပါ နဲ့လင်းလင်းရယ်..ဘဝ ဆိုတာ ဆက်တိုင်းကောင်းမယ် ထင်ပီး လျှောက်ဆက်ချင်နေတာ မကောင်းဘူး..ဘဝ ဆို တာဆက်လေ သံသရာ ရှည်လေတဲ့..ဘုရားဟောရှိတာ ပဲလေ သံသရာဆိုတာ ဝဋ်ဆင်းရဲတဲ့´´ ``သြော်..ဒါဆို နင်က ဒီဘဝနဲ့ပဲ တော်ပီပေါ့... နောက်ဘဝမှာ ငါ့ကို လှည့်တောင်မကြည့်ချင်တော့ဘူး လို့  ဆိုလိုတာပေါ့လေ´´ ကပ်သီးကပ်သပ်နိုင်သော လင်းလင်း အတွေးကြောင့် ရန် ရယ်လိုက်မိသည် ။
👍 zayarminkhant, myozinmin, zinmyomin, toegyi, banyar, naingtunoo, tunnaing, ownkhin, byeenwe, minyelatt, soemyint, yeethant, mgmglove, unitedpower, eieivo, roodar, jonnal, nawma, inton, zikon, zaung, narjo, jonjara, pipee, bojuu, tuliyan, jokeer, lokerg, jija, zinkolinn, ngwetawdar, onsaw, mrjonny, seeyourheart, laylar, pwintphoo, mrpaf, spaing, simenb, dolargar, xamexo, ruroral, sosad, thihamin, toelatt, thuthuhtet, williaon, augstine, ynotme, tinlaya, starkpall, pinggwin, plama, monkeyd, christinazaw, superminnow, simultal, polocal, merbal, jisulai, stexo, pokaung, tainpai, tingal, lokiyoun, plusor, tinglaous, godfatheryin, doyangu, thazinmoe, moekyaw, heinthawzinoo, pockerlay, aungkyawkyaw, naymyatlin, demigod0-0, thurrein, thureintun, msonetwork, whiteflower1, mm3steemit, greenflower2, yellowflower3, blueflower4, redflower6, kyaunggyi, toetoelay, soeoo, asoe, gatoe, utoo, khakha, kagyi, lonesa, kolinko, cd851, olay, kolinko11, gyika, khayephyu, linkha, oosithu, kothuko, aungkoo, koaungko, zinkoko, zayarminkhant141, zayarminkhant142, zayarminkhant143, zayarminkhant144, zayarminkhant145, kosithuko, kosithuk, zungyi, blackflower7, yegyi, myogyii, thargyii, pinkflower5, kogyi, shwegyi, ballgyi, zawgyii, phoophoo, zinminko, naw,