Welcome 2018 ၂၀၁၈ကိုကြိုဆိုခြင်း
myanmar·@zinminhtet·
0.000 HBDWelcome 2018 ၂၀၁၈ကိုကြိုဆိုခြင်း
 နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြောင်းပေတော့ မည်။ကုန်လွန်ခဲ့သောနှစ်ဟောင်းတွင် ကျနော်တို့ ဘာတွေ လုပ်ခဲ့ပြီးပြီလဲ...လုပ်ဆောင်ခဲ့တာတွေဟာ မှန်သလား၊မှားသလား၊ နှစ်တစ်နှစ်အတွက် ငါဘာတွေတိုးတက်ခဲ့ပြီးပြီလဲ ဆိုတာပြန်လည်သုံးသပ်ရမည့် အချိန်ဖြစ်သည်။နောင်လာမယ့် ၂၀၁၈အ တွက် ကျနော်တို့ ဘာတွေပြင်ဆင်ထားသင့်သလဲ ဆိုတာ သုံးသပ်ရင်း Optimism လို့ခေါ်တဲ့ အကောင်းမြင် စိတ်နှင့် နှစ်သစ်ကိုကြိုဆိုစေချင်သောအားဖြင့် ဤ ဆောင်းပါးအားရေးသားတင်ပြအပ်ပါသည်။ *စိတ်သာလျင်အဓိက* မိုးပျံပူဖောင်းလေးတစ်လုံးကို လေပေါ်ပြန်တက်အောင် အရေးကြီးတာက ပူဖောင်းရဲ့ အရောင်ကြောင့် ဟုတ်ပါသလား။ ပူဖောင်းလေး ဖြူသည်ဖြစ်စေ မဲသည်ဖြစ်စေ လေပေါ်သို့ပျံတက်ပေလိမ့်မည်။ဒါဆိုရင် ဘာကြောင့်လဲ စဉ်စားကြည့်တဲ့အခါ ပူဖောင်းထဲမှာ ထည့်ထားသော ဓာတ်ငွေ့ကြောင့်သာ အမြင့်သို့ ပျံတက်နိုင်ခြင်းဖြစ်သည်။ ထိုနည်းတူစွာ ပင် ကျနော်တို့၏ ဘဝအောင်မြင်ရေးသည် ကျနော်တို့ကိုယ်တွင်းမှာရှိတဲ့ စိတ်နေသဘောထားကသာ များစွာအရေးကြီးပေသည်။"စိတ်သာရှင်စော၊ဘုရားဟော"ဟု ဆိုရိုးလဲရှိပေသည်။ လူတစ်ဦး၏ အောင်မြင်မှုကို စိတ်နေသဘောထားက ၈၅% ပံ့ပိုးပြီး ပညာ ဗဟု သုတ တွေက ၁၅% သာပံ့ပိုး သည်ဟု ဟားဗက်တက္ကသိုလ်ကပြုလုပ်တဲ့ လေ့လာ မှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။ "ဤလောကကြီးကို စိတ်သည်ဆောင်ကြည်းအပ်၏၊ ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏၊ သတ္တဝါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏ အလိုကိုလိုက်နေရသည်" ဟု တောင်မြို့ ဆရာတော်ဘုရားကြီးရေးသားတဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှာဖော်ပြထားပေသည်။  *စိတ်၏ စွမ်းအား* ကောင်းသောစိတ် သည် ကောင်းသောအရာကိုဆွဲဆောင်၏။သင့်အား ကံကောင်းမှုတွေကိုသာကြုံတွေ့စေနိုင်သလို သင်၏ စိတ်ကို ကျန်းမာစေနိုင်သည်။စိတ်သည်ထားတက်လျင်မြတ်၏။ စိတ်မထားတတ်လျင် အဆိုးမြင်စိတ်သာများနေလျင် သင့်ကိုလဲ အဆိုးဘက်သို့သာဆွဲခေါ်သွားပေမည်။သင့်ပတ်ဝန်းကျင်ကိုကြည့်ပါ။ အဆိုးမြင်ဝါဒရှိသူတို့၏ ဘဝသည် ခက်ခဲကြမ်းတမ်းနေပေလိမ့်မည်။ရုပ်ဆင်း အင်္ဂါ သည် နှစ်လို့ဖွယ်မရှိနိုင်ပေ။ခက်ထန်သောမျက်နှာထား ကိုအများအားဖြင့် တွေ့မြင်နိုင်ပေလိမ့်မည်။လူမှုဆက်ဆံရေးသည်လည်းမည်သို့မျှအောင်မြင်မှုရရှိနိုင်လိမ့်မဟုတ်။ အဆိုးမြင်စိတ်နဲ့ စိုးရိမ်စိတ်တွေဟာ ကျနော်တို့ကို အမှားတွေပြုလုပ်မိအောင် ဆွဲခေါ်နေပါလိမ့်မယ်။ ဥပမာ သင်စာတစ်ပုဒ်ကို ဒီတိုင်းရေးနေလျင် မည်သို့မှမသိသာပေမယ့် မှားမှာ စိုးရိမ်နေစိတ်နဲ့ ရေးသားကြည့်ပါ။ခနမကြာမှပဲ သင်အမှားတစ်ခု ဖျက်ရပါလိမ့်မယ်။စိုးရိမ်စိတ်တွေများလေ သင်စာပုဒ်လေးက ဖျက်ရာတွေများလေဖြစ်နေလိမ့်မည်။ကျနော်ဆိုလိုသည်က စိုးရိမ်စိတ် မလွန်ကဲစေရန်ဖြစ်သည်။ကျနော်တို့ ဦးနှောက်မှ ထုတ်လွင့်လိုက်သော လှိုင်းနှုန်းတစ်ခုသည် စင်္ကြ၀ဠာ သို့ရောက်ရှိသွားပေမည် ထို့နောက် ကျနော်တို့ ထံသို့ ဦးနှောက်မှပို့လွတ်မှုအတိုင်းပြန်လာပေမည်။သင်မှစိုးရိမ်စိတ်တွေ မကောင်းမြင်စိတ်သာဖြစ်ပေါ်နေလျင် သင့်ထံသို့ ထိုအရာတွေသာပြန်ရောက်လာပေလိမ့်မည်။ထို့အတူပင် သင့်စိတ်ကကောင်းသောအရာသာမြင်တွေးနေလျင် သင့်ထံသို့ကောင်းသောအရာသာပြန်လာလိမ့်မည်ဟု ကျနော်ယုံကြည်ပါသည်။စိတ်၏ တန်ခိုးသတ္တိသည်ဆန်းကျယ်လှပေသည်။ ကြယ်ကြွေချိန်ဆုတောင်းလျင် ဆုတောင်းပြည့်တတ်သည်ဟုကြားဖူးကျလိမ့်မည်။ကြယ်ကြွေချိန်သည် သာမာန်အားဖြင့် ၂စက္ကန့်ခန့်သာကြာမြင့်ပေးလိမ့်မည်။ထို၂စက္ကန့်အတွင်း သင် ဆုတစ်ခုတောင်းရပေမည်။ဒါဆို ၂စက္ကန့်ဆိုသော အချိန်လေးသည် သင့်အတွက်ဘယ်ဆုတောင်းရမလဲစဉ်းစားနေချိန်ရနိုင်ပါမလား။သင့်စိတ်ထဲမှာအမြဲတစေစိတ်အားထက်သန်နေသော ကိစ္စသာလျင်ရုတ်ချည်းအတွင်းဆုတောင်းမိမည်ဖြစ်သည်။ ဒါဆိုရင် ဆုတောင်းပြည့်ခြင်းသည် သင်၏စိတ်အားထက်သန်မှုကြောင့် လော ကြယ်ကြွေခြင်းကြောင့်လောဟု သုံးသပ်နိုင်ပါသည်။  *စိတ်ထားကောင်းစေချင်* သင်၏ နေ့စဉ်လုပ်ကိုင် ဆောင်ရွက်နေမှုအပေါ်တွင်လဲ ကောင်းမွန်သောစိတ်ထားလေးနှင့်လုပ်ကိုင် ဆောင်ရွက်ရင် များစွာအကျိုးဖြစ်ထွန်းနိုင်လေ သည်။သင်လမ်းသွားရင် လမ်းလယ်ကောင်တွင်ကျောက်ခဲတစ်လုံး တွေ့သည်ဆိုပါတော့"ဟာကွာ ဒီကျောက်ခဲက ဘာလို့ လမ်းလည်ကောင်ရောက်နေတာလဲ"ဟုဒေါသစိတ်ဖြင့်ခြေထောက်နှင့်ကန်ထုတ်လိုက်လျင် ပထမဦးစွာ သင့်ခြေထောက်နာမည်။ ကျောက်ခဲကတော့ လမ်းဘေးရောက်သွားပေမည်။ထိုသို့မပြုမူဘဲ"ဟာ လမ်းလည်ကောင်မှာကျောက်ခဲတစ်လုံး ရောက်ပါလား။ဒီကျောက်ခဲကို ဆိုင်ကယ် တွေညဘက်မမြင်ဘဲ တက်နင်းမိရင် ဆိုင်ကယ်လဲပြီး အနာတရ ဖြစ်မယ်၊သက်ကြီးရွယ်အိုတွေသွားလာရင်း တိုက်မိရင် ထိခိုက်ဒဏ်ရာရမယ်၊ငါဖယ်ပေးလိုက်မယ်"ဟူသောစိတ်ဖြင့် ပြုမူလိုက်ရင် သင်ရဲ့စိတ်တစ်ချက်ကြောင့်ပင် ဇီဝိတဒါန ကိုရပေမည်။စိတ်သည်ထားတတ်လျင်မြတ်ပေသည်။ တချို့သူများကောင်း စားရင်မနာလိုဘူးဟူသော လူများရှိကျသေးသည်။ ရိုးရှင်းစွာတွေးကြည့်ပါ ...သူအဆင်ပြေနေလျင် ငါ့ဆီ ပိုက်ဆံလာမချေးတော့ဘူးပေါ့ဆိုပြီး တွေးလိုက်ရင် သူများအဆင်ပြေတာ ကို့အတွက်တောင်ကောင်းကျိုးမဖြစ်ပေဘူးလား။ ဒါဟာအကောင်းမြင်ဘက်က တွေးခေါ်ကြည့်မှသာမြင်နိုင်တာမျိုးဖြစ်ပါတယ်။ တစ်ခါက အမဲလိုက်မုဆိုးတစ်ယောက်ဟာ ရေပေါ်မှာပြေးလွှားနိုင်တဲ့ ထူးဆန်းတဲ့ခွေးတစ်ကောင်ကိုပိုင်ဆိုင်သတဲ့။တစ်နေ့ကျတော့သူဟာ ဘေးနားပတ်လည်ရွာတွေက မုဆိုးတွေနဲ့ချိန်း၍ သူ့ခွေးအစွမ်းကို ပြမယ်ဆိုပြီး ရေဘဲသွားပစ်ဖို့စီမံကြလေသည်။ ရေဘဲတွေကိုပစ်ချလိုက်ပြီးတိုင်း ရေပေါ်ကျနေတဲ့ ဘဲတွေကို သူ့ခွေးကိုသွားကောက်ခိုင်းဖို့ အမိန့်ပေးလေသည်။မုဆိုး၏ခွေးလဲ ရေပေါ်တွင်လမ်းလျောက်၍ဘဲများကို သွားကောက်ပေးသည်။ တစ်နေကုန်အစွမ်းပြပြီးနောက် ညနေစောင်းအိမ်ပြချိန်ရောက်တဲ့အထိ ချီးမွမ်း အံ့သြစကားမကြားကတော့ မုဆိုးလဲ "ကျနော့်ခွေးနဲ့ ပတ်သတ်ပြီး ထူးခြားတာဘာမှ သတိမထားမိကျဘူးလားဗျာ"ဟုမေးလေသည်။ ထိုအခါ အမဲလိုက်ဖော်မိတ်ဆွေတစ်ဦးက "ခင်ဗျားခွေးရေမကူးတတ်ဘူး"ဟုပြောလိုက်ပေသည်။ တချို့လူတွေကအဆိုးမြင် ဝါဒီတွေဖြစ်သည်။ဘဝရဲ့အချိန် အများစုကို တိုင်စာရေးရင်း၊မကျေနပ်ချက်တွေပြောရင်းနဲ့သာကုန်ဆုံးလေ့ရှိကြလေသည်။ဘဝထဲက အပြစ်အနာအဆာကိုသာ ရှာဖွေလေ့ရှိကြသည်။မုန့်လက်ကောက်ရဲ့မုန့်သားကိုမမြင်ဘဲ အလယ်ကအပေါက်ပါသည်ကိုသာ ကြံဖန် အပြစ်ရှာတတ်သူ တွေဖြစ်သည်။ထိုသူတိုနဲ့ဆန့်ကျင်ဘက်ကတော့ တွေ့သမျှလူတိုင်းကို သူ့ဆီမှာကြီးပွားအောင်မြင်စရာ အစွမ်းအစတွေရှိတယ်လို့ ယုံကြည် လာအောင်ပြောဆိုနိုင်စွမ်းရှိသူ၊အရာရာကိုအကောင်းဘက်က၊နေသာတဲ့ဘက်ကသာ ကြည့်လေ့ရှိသူ၊အာလုံးကိုအပြုံးနဲ့နွေးထွေးစေနိုင်သူ၊မိမိဘဝတိုးတက်ရေးကိုသာ ကြိုးစားနေရသဖြင့် သူများကိုဝေဖန်ရှုံချရန် အချိန်မရှိသူတွေဖြစ်သည်။ဘဝမှာထိုသူများသာအောင်မြင်မှုကို ရလေ့ရှိကျသည်။  ** သင်ရေဆာနေတဲ့အချိန် သင့်ကို အထက်ပါပုံထဲကအတိုင်း ရေတစ်ဖန်ခွက်ပေးမည်။သင်မည်သို့တွေးမည်နည်း? Ans:_______________။ တချို့တွေးလိမ့်မည် "ဟာ ခွက်ထဲမှာကလဲ ရေကတစ်ဝက်ပဲပါတယ်"ဟု စိတ်ပျက်စွာတွေးမည် လား။ဒါမှမဟုတ် "ဟာ ခွက်ထဲမှာ ငါ့အတွက်ရေတစ်ဝက်တောင် ကျန်သေးတာပဲ "ဟုတွေးမည်လား။ ထိုအတွေးနှစ်ခုတွင် ဘယ်အတွေးက သင့်အားစိတ်ချမ်းသာစေပါသလဲ။ဒါဆိုရင် သင်မည်သို့ ပြုမှုမည်နည်း။ **ကျေးဇူးတင်တတ်ပါစေ** ကျေးဇူးတင်တတ်ခြင်းဆိုတာ အကောင်းမြင်စိတ်နဲ့ သာ ကြည့်မှမြင်တတ်တာမျိုးဖြစ်ပါတယ်။ သင့်မနက်အိပ်ယာကနေနိုးလာတာနဲ့ သင်အသက်ရှင်သန်ခွင့်ရနေခြင်းကိုကျေးဇူးတင်လိုက်ပါ။ ပြီးနောက် သင့်အားလူဖြစ်ခွင့်ပေးခဲ့သော သင့်မိဘတွေကို ကျေဇူးတင်လိုက်ပါ။သင့်မျက်လုံး နှစ်လုံးမြင်ခွင့်ရနေတာကို ကြံဖန်ကျေးဇူးတင်လိုက်ပါ။ဒီမျက်လုံးတွေသာ မမြင်နိုင်ရင် သင်လောကအလှတရားကိုခံစားခွင့်ရှိနိုင်မည်လား။သင်ကျန်းမာရေးကောင်းနေတာကိုလဲ ကျေးဇူးတင်သင့်ပေသည်။အဆင်မပြေမှုတွေက ဘာကြောင့်ငါ့အတွက်မှ လာဖြစ်နေရတာလဲဟု ကြံဖန်တွေးလျင် သင်၏စိတ်ခွန်အားတွေသာ ရုတ်လျော့နေမည်ဖြစ်သည်။ကဲမိတ်ဆွေတို့ကော ၂၀၁၈ကို ဘယ်လိုကြိုဆိုကျမလဲ။ကျနော်ကတော့ ၂၀၁၈ကို အကောင်းမြင်စိတ်တွေနဲ့ ကြိုဆိုဖို့ပြင်ဆင်နေပါပြီ။ ***1 Jan ကကျနော့်ရဲ့ ၂၈နှစ်ပြည့် မွေးနေ့လဲဖြစ်ပါသတဲ့ဗျာ***  Photo credit google Written by @zinminhtet MSC-126
👍 wailinn, theinzawlin, kyawhlaing, lwanwai, suhlaing, yethihakyaw, sawmyattun, tunnaingwin, eieikhing, nyinyilwin, aungkhant, thethtooaung, myothuzar, julybrave, sawlwin, twingyiwunmaung, ayemomo, honeysara, mgtoetat, mamamyanmar, aunggyi, gunapeya, cryptopassion, massive-pop, calinconst, moehein, kyawwinhtet, camelot, curie, liberosist, meerkat, dante31, anwenbaumeister, hendrikdegrote, awesomianist, ewuoso, horpey, jasimg, kushed, cryptokrieg, gotgame, sammarkjames, official-hord, pharesim, howtostartablog, techmojo, minhtet, rayken04, patricksanlin, kyawkyawnaing, good-karma, mysteem, feruz, esteemapp, crimsonclad, ausbitbank, fonsetucker, sciborg, tinhlaingoo,